ဘလွန်းဒီအောမဲပေးမှုအတွက် နောက်ပြောင်ခဲ့တာပါ။

မက်ဆီနဲ့ ဆာလာအစား မန်စီးတီးကွင်းလယ်လူဒီဘရိုင်းကိုသာ မဲပေးမယ်လို့လည်း ဝန်ခံပြောကြားခဲ့သလို ဘာကြောင့် ဒီဘရိုင်းကို မဲပေးရသလဲဆိုတာကိုပါ သူက ရှင်းပြသွားခဲ့ပါတယ်။


ချယ်လ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုဟာ ဘလွန်းဒီအောဆုအတွက် မဲပေးရွေးချယ််ခဲ့မှုမှာ ကိုယ့်အတွက်ကိုယ် မဲပြန်ပေးချင်တယ်လို့ နောက်ပြောင်လိုက်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့မဲကိုတော့ မက်ဆီနဲ့ ဆာလာအစား မန်စီးတီးကွင်းလယ်လူဒီဘရိုင်းကိုသာ မဲပေးမယ်လို့လည်း ဝန်ခံပြောကြားခဲ့သလို ဘာကြောင့် ဒီဘရိုင်းကို မဲပေးရသလဲဆိုတာကိုပါ သူက ရှင်းပြသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုကတော့ အီတလီနဲ့အတူ ယူရိုဖလားကို ဆွတ်ခူးခဲ့ပြီး ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါဆုဖလားတွေရယူခဲ့ရာမှာ အဓိကကစားသမားအဖြစ် ပါဝင်ခြေစွမ်းခဲ့တာဖြစ်ပြီး ဘလွန်းဒီအောဆုအတွက်ပါ ရေပန်းစားတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ သူနဲ့အတူ ချယ်လ်ဆီးအသင်းဖော်တွေဖြစ်တဲ့ ကန်တေ၊ မေဆန်မောင့်၊ အက်ဇ်ပီလီကွီတာ၊ လူကာကူတို့လည်း ဆန်ခါတင်စာရငး်မှာ ပါဝင်နေခဲ့ပြီး လီဝန်ဒေါစကီးနဲ့ မက်ဆီတို့က ရေပန်းအစားဆုံးကစားသမားတွေဖြစ်နေပါတယ်။ 

"ကိုယ့်အတွက်မှ ကိုယ် မဲ မပေးရင် ဘယ်သူကလာပေးမှာလဲ၊ အနည်းဆုံးတော့ မဲတမဲလောက် ကျွန်တော်ရချင်သေးတယ်လေ၊ နောက်တာပါဗျာ" လို့ ဂျော်ဂျင်ဟိုက ESPN Brasil ကို ပြောခဲ့ပါတယ်။ "ကျွန်တော် ဒီဘရိုင်းအတွက် မဲပေးဖြစ်မှာပါ၊ သူ လုပ်ပြခဲ့တာတွေက အရမ်းကောင်းမွန်ပြီးတော့ ဒီဘက်နှစ်တွေမှာ တော်တော်လေးကောင်းမွန်ခဲ့ပါတယ်"

"သူ ကစားတာကို မြင်တွေ့ရတာကိုက တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်၊ သူက ဘောလုံးအကြောင်းကောငး်ကောင်းကြေညက်နေပြီးတော့ ပုံမှန်ထက်လည်း ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ ကစားသမားတစ်ဦးပါ" လိုု့ ဂျော်ဂျင်ဟိုက ထပ်ပြောခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဖော်တွေနဲ့ အီတလီအသင်းဖော်တွေကတော့

ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုကို ဂျော်ဂျင်ဟိုရရှိသင့်တယ်လို့ ထောက်ခံထားကြပြီး ကစားသမားကိုယ်တိုင်ကလည်း အဆိုပါဆုကို ရရှိဖို့ မျှော်လင့်မိကြောင်း ဝန်ခံထားပါတယ်။ 

Share

က္က