ကိုကြီးတွေကျတော့လည်း သူတို့ဘဝနဲ့ သူတို့ ဖြစ်နေကြပြီ။
သူမလိုချင်တဲ့ လက်တွဲဖော် ပုံစံမျိုးလေးကို ပြောပြခဲ့ပါတယ်။

 Photo: khin Thazin

မိသားစုကို အချိန်ပေးရင်း အဒေါ်ဖြစ်သူကို ပြုစုစောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်ကတော့ အချစ်ရေးကို ဦးစားမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ တကယ်တမ်းဘဝလက်တွဲ ဖေအဖြစ် ရွေးချယ်ဖြစ်မယ် ဆိုရင်တောင် အသက်ကြီးတာ၊ ငယ်တာမျိုး မဟုတ်ပဲ သူမကို ဦးဆောင်နိုင်မယ့် လက်တွဲဖော်မျိုးတော့ လိုချင်ကြောင်း Duwun ကို ပြောပြခဲ့ပါတယ်။


“သဇင်က အမ်းတဲ့ Type မျိုး မဟုတ်ဘူး အရမ်းကပ်ဆီးနပ်တယ်။တကယ်တမ်းလိုချင်တဲ့ ပုံစံမျိုးဆိုရင် အသက်ကြီးမှ ငယ်မှ မဟုတ်ဘူး ကိုယ့်ကို ဦးဆောင်နိုင်မယ့်သူမျိုးကို လိုချင်တာ မောင်လေးပေမယ့်လည်း ကိုယ့်ကို ဦးဆောင်နိုင်ရင် ရတယ်။ အခုထိတော့ ဦးဆောင်နိုင်တဲ့သူ မရှိဘူး။ အကိုကြီးတွေ အရွယ်ထဲမှာကိုယ့်ကို ပိုးပန်းနေတဲ့သူတွေ ရှိပါတယ်။ သူတို့ကျတော့လည်း အရမ်းမိန်းမကျမ်းကျေသွားပြီလေ အသက်လည်းကြီး သွားပြီ အခုချိန်ထိ မိန်းမမယူသေးပဲနဲ့ လေကကြီးကို ပျော်ပျော်နေနေတယ်ဆိုကတည်းက သူဘယ်လောက် မိန်းမကျမ်းကျေနေပြီလဲဆိုတာ အဲ့လိုကျတော့လည်း မယူရဲဘူး။ သူငယ်ချင်းတွေကတော့ ပြောတယ် နင်အရမ်း ရွေးချယ် လွန်းတယ်တဲ့။ အခုကတော့ တစ်ယောက်တည်းပဲ လုပ်စရာတွေ အများကြီးရှိတယ်။အ‌ဒေါ့်ကို အချိန်ပေးရတယ် စာဖတ်ဖို့တွေရှိတယ် ဒီကြားထဲ သူငယ်ချင်းတွေက ပွဲဖိတ်ရင် တက်ပေးရသေးတယ်ဆိုတော့ ဘဲကို အချိန်မပေးနိုင်သေးလို့” သူမက ဆိုပါတယ်။



 Photo: khin Thazin

အခုချိန်မှာ အချစ်ရေးအတွက် အချိန်မပေးနိုင်ပေမယ့်လည်း အသက်(၆၀)လောက်ဆိုရင်တော့ အချိန်ပေးနိုင်လောက်ပါတယ်ဆိုပြီး ရယ်ရယ်မောမောနဲ့ စနောက်ပြီး ပြောပြခဲ့ပါသေးတယ်။

 ခင်သဇင်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေထက် အဒေါ့်ကို ပြုစုစောင့်ရှောက်နေရင်းနဲ့သူမရဲ့ ဘဝကို ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်။ မိဘအရင်းထက် သူမအပေါ်ကို ကြည့်ရှု့စောင့်ရှောက်ပေးတဲ့ အဒေါ့် ရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် သူမရဲ့ အလုပ်တွေ ၊ အချိန်တွေ ၊ငွေကြေးတွေ အားလုံးရင်းပြီး အဒေါ့် ဘေးနားမှာ နေပေးနေတာလို့ သူမက ဆိုပါတယ်။


“လက်ရှိကတော့ သဇင် အဒေါ့် ကို ပြုစုစောက်ရှောက်ပေးနေတယ် အဒေါ်က မိဘထက်ကို ပိုပြီး ကောင်းခဲ့တာ ကျွေးကျေးဇူးလည်းရှိတယ်။ ၆လသမီးကတည်းက အဒေါ်က သဇင့်ကို ခေါ်ပြီး မွေးစားခဲ့တာ တကယ့် ကျေးဇူးရှင်ပါ အဲ့ဒါကြောင့် သဇင်ရဲ့ အချိန်တွေ ငွေတွေ အရာအားလုံးကို ပစ်ချပြီး အဒေါ် နေမကောင်းတဲ့ အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ အချိန်မှာ သူ့ဘေးနားမှာ ရှိနေပေးတာပါ။ သဇင့်ရဲ့ အရာအားလုံးနဲ့ လဲပြီး ပြုစုစောင့်ရှောက်ဖို့ ထိုက်တန်တဲ့အမျိုးသမီး ပါ။ အားလုံးနဲ့ လဲပြီး သူ့နားမှာပဲ နေနေတာပါ။ သူက သာမန်ရောဂါ ခံစားနေရတယ်ဆိုရင် သူနာပြုနဲ့ ခေါ် ပြီးထားလို့ ရပေမယ့် အခုသူက အယ်လ်ဇိုင်းမား ရောဂါနဲ့ စိတ်ရောဂါ ခံစားနေရတာဆိုတော့ အပြင်လူတွေနဲ့ ထားလို့ အဆင်ပြေဘူး” ဆိုပြီး အဒေါ့်ရဲ့ ရောဂါ အခြေအနေကို ပြောပြရင်း သူမရဲ့ လတ်တလော အခြေအနေကိုပါ ပြောပြခဲ့တာ ဖြစ်ပါတယ်။

 Photo: khin Thazin

သရုပ်ဆောင် ခင်သဇင် လေယာဥ်ဘဝကနေ အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပရိသတ်တွေ အားပေးမှုကို ရှိထားသူ တစ်‌ယောက်ဖြစ်ကာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးက ပါဝင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ၂၀၁၉ ခုနှစ်အတွင်းက နာဂဒေသမှာရှိတဲ့ နာဂတိုင်းရင်းသားတွေအတွက် ဆေးဝါးကုသိုလ်အလှူ လုပ်ခဲ့တာဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ထာဝရ အလှူရှင်တစ်ဦးအဖြစ် တာဝန်ယူ စောင့်ရှောက်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က