ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မျူးရော်နယ်ဒိုက သူ့ကိုယ်သူ အသက် ၃၀ အရွယ်သာရှိသေးတယ်လို့ ခံစားရကြောင်း ပြောဆိုလိုက်ပြီး သူ့ရဲ့ကစားသမားဘ၀ကို အသက် ၄၀ ကျော်အထိ ဆက်လက်ကစားသွားနိင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးကတော့ လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ 

သူ့ရဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်ထားမယ်ဆိုရင် အမြင့်ဆုံးအဆင့်မှာကစားပြီး ​ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ သူ့အတွက် အဓိကရင်ဆိုင်ရမှာကတော့ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုသာဖြစ်ပြီး အသက်အရွယ်ကြီးမြင့်လာချိန်မှာ မြင့်မားတဲ့အဆင့်မှာ ဆက်လက်ကစားနိုင်ဖို့ကို ပြသနိုင်သူ ဖြစ်ရတာကိုလည်း ပျော်ရွှင်မိတယ်လို့ ရော်နယ်ဒိုက ESPN ကို ပြောဆိုခဲ့ပါတယ်။ 

"ကိုယ့်ကိုကိုယ် အသက် ၃၀ အရွယ်လို့ပဲ ခံစားမိပါတယ်၊ ကျနော်က စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကို အရမ်းဂရုစိုက်ပါတယ်၊ မကြာခင်က သင်ယူခဲ့ရတဲ့အရာတခုကတော့ ၃၃ နှစ်နောက်ပိုင်းမှာ ခန္ဓာကိုယ်က သွားလိုရာကို ပို့ဆောင်ပေးနိုင်မယ်ဆိုပေမယ့် တကယ့်တိုက်ပွဲက စိတ်ပိုင်းဆိုင်ရာပါ၊ မြင့်မားတဲ့အဆင့်မှာ ရှိနေဖို့က အရာတော်တော်များများကို အာရုံစိုက်ပြီး ဖြတ်ကျော်ရတာက အခက်ခဲဆုံးပါပဲ"

"အဲဒါကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျနော်လုပ်ဆောင်ခဲ့တာပါ၊ အလုပ်နဲ့ စိတ်အပေါ် ကျနော်ပိုပြီးအာရုံစိုက်တယ်၊ ခန္ဓာကိုယ်က ကျနော့်ကို ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုတာလည်းသိပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်က အဲဒါကိုလေးစားပြီး သူ့ဆီကနေ နားထောင်မှုတွေ ပြုလုပ်လို့ပါ၊ ကျွန်တော် အသက် ၄၀၊ ၄၁၊ ၄၂ လောက်ထိ ကစားနိုင်မလားဆိုတာကို သိချင်မိတယ်၊ ဒါပေမယ့် အရေးကြီးဆုံးကတော့ ကျနော့်ရဲ့ နေ့စဉ်ပန်းတိုင်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖို့ပါပဲ" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။


အရင်ကတော့ ​အသက် ၄၀ အရွယ်ထိ ကစားဖို့ ရော်နယ်ဒိုက ပြောဆိုခဲ့ဖူးပြီး အခုအခါမှာ ၄၂ နှစ်ထိ ကစားဖို့အတွက်ပါ အရိပ်အမြွက်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က