အခုလက်ရှိကစားနေတဲ့ အေစီမီလန်နဲ့လာဇီယိုတို့ပွဲမှာ အေစီမီလန်နောက်ခံလူသီယိုဟာနန်ဒက်ဇ်က အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီလိုသွင်းယူခဲ့ရာမှာတော့ သူဟာ ကိုယ့်အသင်းခံစစ်ဘက်ခြမ်းကနေ လာဇီယိုဧရိယာထိပ်ထိ တောက်လျှောက်ပြေးဆွဲပြီးတော့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီလိုသွင်းဂိုးတွေကို မကြာခဏဆိုသလို သွင်းယူလေ့ရှိတဲ့ ပြင်သစ်သားက နောက်ထပ်တကြိမ်လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ဂိုးသမားရဲ့ လူပေးကစားမှုကို သူက ရရှိခဲ့ပြီးနောက်မှာ တောက်လျှောက်ဆွဲပြေးခဲ့တာပါ။ ဒီနောက် လာဇီယိုဧရိယာထဲထိတောင်မှ မရောက်ခဲ့ဘဲ ကိုက် ၂၀ လောက်အကွာကနေ အမြင့်ဘောကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက အတ္တလန္တာနဲ့ပွဲမှာလည်း သူက ဒီလိုပုံစံမျိုးနဲ့ ဂိုးသွင်းယူနီုင်ခဲ့ပြီး အခုအခါမှာလည်း နောက်တကြိမ်လုပ်ပြနိုင်ခဲ့တာဖစြ်ပါတယ်။ ပရိသတ်တွေကတော့ ဟာနန်ဒက်ဇ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ရာမှာတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူလို့ တင်စားခဲ့ကြသလို ဒီလိုမျိုး ဂိုးသွင်းရတာကိုမှ သဘောကျတဲ့သူရယ်လို့လည်း ဆိုခဲ့ကြပါတယ်။
ဟာနန်ဒက်ဇ်ရဲ့ Dribble ကောင်းမွန်မှုကလည်း အမှန်တကယ်ချီးကျူးရမှာဖြစ်ပါတယ်။ အေစီမီလန်အတွက် နိုင်ပွဲရထားဖို့ အရေးကြီးနေတဲ့ ပွဲမှာ အရေးပါတဲ့ သွင်းဂိုးတဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး အေစီတို့ စိတ်အေးလက်အေးနဲ့ ကစားနိုင်ဖို့အတွက်လည်း သူ့ရဲ့ သွင်းဂိုးက အထောက်အကူပြုခဲ့ပါတယ်။