ဘုန်းမောက်ကွင်းမှာ ဂိုးမရှိသရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာပါ။

ဒီနေ့ညမှာ ကစားသွားခဲ့တဲ့ ဘုန်းမောက်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲကတော့ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ချဲလ်ဆီးအတွက်ကတော့ ဒါက ပရီးမီးယားလိဂ် (၅) ပွဲ ကစားပြီးချိန်မှာ (၄) ပွဲအထိ နိုင်ပွဲ ပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။



ဒီနေ့ပွဲမှာ ပိုချက်တီနိုက ရော်ဘတ်ဆန်းချက်ဇ်၊ ဂတ်စတို၊ ဒီဆာဆီ၊ သီယာဂိုဆေးလ်ဗား၊ ကိုဝဲလ်၊ ယူဂိုချူကူ၊ ဂယ်လာဂါ၊ စတာလင်၊ အန်ဇိုဖာနန်ဒက်ဇ်၊ မူဒရစ်ခ်၊ နီကိုးလပ်စ်ဂျက်ဆင်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘုန်းမောက်ကလည်း နက်တို၊ အေရွန်စ်၊ လူးဝစ်ကွတ်ခ်၊ ဆိုလန်ကီတို့နဲ့ အမာခံထားပြီး ချဲလ်ဆီးကို ရင်ဆိုင်ခဲ့ပါတယ်။

ချဲလ်ဆီးက ဒီနေ့ပွဲမှာ ဂိုးရလောက်တဲ့ အခွင့်အရေးအချို့ရှိခဲ့ပေမယ့် ဒါကို ထိထိရောက်ရောက် အသုံးချနိုင်စွမ်းမရှိခဲ့ပါဘူး။ ဘုန်းမောက်လိုအသင်းမျိုးနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အခွင့်အရေးဖန်တီးမှုအပိုင်း၊ အသင်းလိုက်ကစားဟန်အပိုင်းတွေကလည်း လိုအပ်ချက်တွေ ကြီးမားခဲ့ပါတယ်။

ပိုချက်တီနိုလက်ထက် ချဲလ်ဆီးက အခုချိန်မှာ ပြန်လည်တည်ဆောက်ဆဲကာလမို့လို့ စိတ်ရှည်သည်းခံရမှာကို နားလည်ပေမယ့် ကိုယ့််ထက် အစစအရာရာအားနည်းလွန်းတဲ့ ဘုန်းမောက်ကို တစ်ဂိုးတောင် မသွင်းနိုင်ခဲ့တာက စိတ်ပျက်စရာပါပဲ။

 

ဒုတိယပိုင်းမှာ ပါလ်မား၊ ဘင်ချီဝဲလ်တို့ ဝင်ကစားခဲ့ပေမယ့် ကစားပုံက သိပ်ပြီး စိတ်ဝင်စားစရာမရှိခဲ့ဘဲ အဝေးကွင်းမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကွင်းလယ်က ပေါင်သန်းရာကျော်တန် ကိုင်စီဒိုကလည်း ဒဏ်ရာပြဿနာကြောင့် ဒီနေ့ပွဲကို လွဲချော်ခဲ့ရပြီး ချဲလ်ဆီးပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာတွေ စုပြုံနေခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က