ကျပ်(၁၀)သိန်းရယူပြီး ဝန်ထမ်းခန့်ထားပေးခြင်းမရှိတာကြောင့် နစ်နာသူက တိုင်ကြားခဲ့တာပါ။

ငွေကျပ် ၁၀ သိန်းယူပြီး ဝန်ထမ်းခန့်ထားပေးတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ တာဝန်ထမ်းဆောင်ရန် စာရေးရာထူးလျှောက်ထားရာမှာ သာယာဝတီမြို့နယ်အုပ်ချုုပ်ရေးမှူး ဦးကျော်မင်းထွေးက ကျပ်(၁၀)သိန်းရယူပြီး ဝန်ထမ်းခန်ပထားပေးခြင်းမရှိတာကြောင့် နစ်နာသူက တိုင်ကြားခဲ့တာပါ။

တိုင်ကြားစာအရ စစ်ဆေးရာမှာ အဆိုပါအုပ်ချုပ်ရေးမှူးက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လစ်လပ်နေတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး စာရေးရာထူးရွေးချယ်ခန့်ထားဖို့အတွက် တိုင်ကြားသူဆီကနေ ကျပ် (၁၀)သိန်းကို သူ့ရဲ့ဧည့်ခန်းမှာ လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့တာကြောင့် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ အုပ်ချုပ်ရေးမှူးဦးကျော်မင်းထွေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အရေးယူဖို့ တိုင်ကြားခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ဖို့ သာယာဝတီရဲစခန်းမှာ ပထမတိုင်ကြားချက်ဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က