ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အမှုကိုတော့ ရက်ပေါင်း ၁၈၀ အတွင်းမှာ အပြီးသတ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မိုးအောင်ရင်ကတော့ ဒီနေ့(ဇန်နဝါရီလ ၇ရက်) မှာပြုလုပ်တဲ့ ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ အမှုနဲ့ပတ်သက်ပြီး ရန်ကင်းတရားရုံးမှ ပြန်ကြားရေးအရာရှိက ယခုလို ပြောပြခဲ့ပါတယ်။
" ဒီနေ့ရုံးချိန်မှာတော့ မူခင်းစီမံခန့်ခွဲမှု အစည်းအဝေးလုပ်ခဲ့ပါတယ်။ ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။ အမှုကို စတင်စစ်ဆေးမယ့်ရက်ကတော့ ၂၉ ရက် ၊ ၁ လ၊ ၂၀၂၀ ခုနှစ်မှာ စစ်ဆေးမှာဖြစ်ပြီးတော့ ပြီးဆုံးမယ့် နေ့ကိုတော့ ၂၂ ရက် ၊ ၄ လ ၊ ၂၀၂၀ လို့ အခု သတ်မှတ်ထားပါတယ်" ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။