ကော့သောင်းမှာပဲမိတာပါ။

ကျပ်ငွေ ၃၀ ဘီလျံလောက်တန်ဖိုးရှိတဲ့ ICE အမျိုးအစား စိတ်ကြွရူးသွပ်ဆေးတွေကို တပ်မတော်ရေက ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံကနေ သိရပါတယ်။

Photo - ကော့သောင်းရဲစခန်း

ဧပြီလ(၂၆) ရက်နေ့မနက်ပိုင်းက ကော့သောင်းမြို့အနောက်ဘက် ရေမိုင်(၁၈၆)မိုင်လောက်မှာ စက်လှေတစ်စီးကို မသင်္ကာတာကြောင့် တပ်မတော်ရေက စစ်ရေယာဉ်တစ်စီးက စစ်ဆေးဖို့အချက်ပြ ခေါ်ယူခဲ့ပေမဲ့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထို့နောက် တပ်မတော်ရေက လိုက်လံဖမ်းဆီးတဲ့အခါမှာ အောင်ပြည်စုံ-၁ ဆိုတဲ့ နာမည်နဲ့ သင်္ဘောပေါ်မှာ Refined Chinese Tea စာတန်းပါ အစိမ်းနုရောင် ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ ICE အမျိုးအစား စိတ်ကြွရူးသွပ်ဆေး အဖြူရောင်ဘလောက်တုံး ၁၂၃၈ ထုပ်ကို တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

Photo - ကော့သောင်းရဲစခန်း

အဲဒီစိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဝေလင်း(ဘ) ဦးစောနိုင် အပါအဝင် အမျိုးသား ၇ ယောက်တို့ကို ဖမ်းဆီးရမိခဲ့ပြီးမူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့သူတွေကို ကော့သောင်းမြို့နယ်၊ မြို့မရဲစခန်းနဲ့ မူးယစ်တပ်ဖွဲ့စုဆီကို တရားဥပဒေအရ အရေးယူနိုင်ဖို့လွှဲပြောင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအကြိမ်ဟာ ဒုတိယမြောက်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း Refined Chinese Tea စာတန်းပါ အိတ်တွေနဲ့ ထုပ်ပိုးမှုပုံစံတူတဲ့ မူးယစ်ဆေးတွေနဲ့ တန်ဖိုးကျပ် ၃၄ ဘီလျံကျော်တန်ဖိုးရှိတဲ့ ICE တွေ ဖမ်းမိခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က