ကျပ်သိန်း(၃၀၀) မတည်သွားမယ်လို့ ဆိုပါတယ်။

သဘင်အစည်းအရုံး ဥက္ကဌ ဖိုးချစ်ဟာ သဘင်သည်ပေါင်း(၁၉၀၀၀) ကျော်အတွက် လိုအပ်တာတွေ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ 


Photo: Phoe Chit



သဘင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဖိုးချစ်ကတော့ သဘင်လုပ်သားတွေရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ငွေကျပ် သိန်း(၃၀၀) မတည်ကာ အလှူအတန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်။ 

“ အားလုံး သဘင်က တတ်နိုင်သမျှ လှူပါ့မယ်( ၂၀.၄.၂၀၂၀ မှ ၃၀.၄.၂၀၂၀ အတွင်း) နောက်တစ်ဆက်တည်း သဘင်အစည်းအရုံး ကတ်ရှိသူတိုင်း ဘယ်ကတ်ကို (သဘင်အစည်းအရုံး ကတ်မှန်သမျှ) ကိုင်ထား ကိုင်ထား တကယ်လိုအပ်သူတိုင်းကို ကျွန်တော့်အနေနဲ့ (ဗဟိုသဘင် ငွေနဲ့မဆိုင်) ကိုယ်ပိုင်ငွေကြေးနဲ့ လှူဒါန်းပါ့မယ်။ တစ်နိုင်ငံလုံးရှိ သဘင်သည်တွေကိုပြောတာပါ။ ကျွန်တော် ကျပ်သိန်းသုံးရာ မတည်မယ်။ လိုအပ်လျှင် ထပ်လှူမယ်။ ကျွန်တော့် မိတ်ဆွေတွေ၊ ကျေးဇူးရှိသူတွေကို တတ်နိုင်သလောက်လှူမယ်"” ဆိုပြီးတော့ ဧပြီလ ၂၈ ရက်နေ့ မနက် ၁၂ နာရီကျော်က နေထူးနိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Screen short ရိုက်ပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ 


Photo: Phoe Chit

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်သည်ပေါင်း တစ်သောင်းကိုးထောင်ကျော် ရှိတာကြောင့် လက်ရှိ ရထားတဲ့ အလှူငွေနဲ့လည်း မလုံလောက်သေးဘူးလို့ ဖိုးချစ်က ဆိုပါတယ်။ 

“ ရှိတဲ့ ရံပုံငွေထဲက ရုံးလည်ပတ်ဖို့ အနည်းငယ်ချန်ပြီး ကျန်တာအားလုံး လှူမှာပါ။ ဗဟိုငွေနဲ့ မလောက်ပါဘူး။ (သဘင်သည်ပေါင်း ၁၉၀၀၀ ကျော်ကို လှူရမှာပါဗျာ)။ မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ်က သဘင်ရုံးနေရာ တိုက်ခန်းဆောက်လို့ ရောင်းရတဲ့ ရံပုံငွေတွေထဲကမှ စိတ်အားထက်သန်စွာ သဘင်အတွက် ပြတ်ပြတ်သားသားလှူပေးလို့သာ အဆင်ပြေတာပါ” လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Phoe Chit

ဖိုးချစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် သရုပ်ဆောင်နေထူးနိုင်က ချီးကျူးပြောပြလာပါတယ်။ စိတ်ဓာတ်ကိုလည်း လေးစားမိတယ်လို့ ဖွင့်ဟ ထားပြန်ပါသေးတယ်။ 

" တကယ်ကိုလေးစားဖိုကောင်းတဲ့ညီလေး။ ဖိုးချစ်(သဘင်ဥက္ကဌ) ရေးထားတဲ့စာထဲမှာအကြိုက်ဆုံးစာလေးတွေပါ။လိုအပ်ချိန်မှ ာလိုအပ်သလို ကိုယ့် လောကသားတွေအပေါ်မှာယခုလိုလုပ်ပေးနိုင်တာတကယ်မွန်မြတ်တဲ့စိတ်။ တာဝန်ယူမှုတာဝန်ခံမှုခေါင်းဆောင်တစ်ဦးရဲ့ရှိသင့်ရှိထိုက်တာတွေတွေ့ရတာဝမ်းသာဂုဏ်ယူပါတယ်ဖိုးချစ်ရေ" လို့ သူက ဆိုပါတယ်။ 

Photo: Nay Htoo Naing

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က