အထိမ်းအမှတ်အနေနဲ့ စိုက်ထူခဲ့တာပါ။

ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်မှာ တန်ဖိုးကျပ်သိန်းပေါင်းထောင်ချီတန်တဲ့ ကျောက်စိမ်းတုံးကြီးကို ဒီနေ့ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စိုက်ထူထားရှိလိုက်တယ်လို့ သိရပါတယ်။



Photo - Win Zaw Oo

အဆိုပါ သိန်းထောင်ချီတန်တဲ့ ကျောက်စိမ်းတုံး ထားရှိရေးအတွက် ကချင်ကျောက်စိမ်းသူဌေး ဒေါက်တာဘန်လွန်ဘွမ်ယွန်က ကချင်ပြည်နယ်အစိုးရမှတစ်ဆင့် လှူဒါန်းခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

"ကချင်ပြည်နယ်ဟာ ကျောက်စိမ်း အဓိကထွက်တဲ့ ပြည်နယ်ဖြစ်ပြီး ဂုဏ်ယူစရာတစ်ခုအနေနဲ့ ခုလို ကျောက်စိမ်းတုံးကြီး စိုက်ထူခဲ့တာဖြစ်ပါတယ်။"လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Photo - အာကာမင်း

ကျောက်စိမ်းတုံးကြီးရဲ့အလေးချိန်မှာ ၉ တန်ကျော်ရှိပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စိုက်ထူထားရှိခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။ ကျောက်စိမ်းတုံးကြီး စိုက်ထူထားရှိတဲ့ အခမ်းအနားကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့အတူ တာဝန်ရှိသူတွေနဲ့ မြစ်ကြီးနားဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က