Photo - Frontera
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရန်ကင်းမြို့နယ်၊ (၁၆)ရပ်ကွက်ရှိ Naing Group Holding Co.Ltd ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်နိုင်က ကုမ္ပဏီဒါရိုက်တာ မယမင်းဖြူအိကို Naing Group Holding ကုမ္ပဏီရဲ့ Bo Min Young Project AYA Bank Account သို့ ငွေကျပ် ၃၁၆၁၁ သိန်း ထည့်သွင်းဖို့နဲ့ သူ့ရဲ့အိမ်ကို ငွေကျပ် သိန်း ၅၀၀၀ လာရောက်ပေးရန် စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက်မှာတော့ မယမင်းဖြူမိဆိုသူဟာ စုစုပေါင်း ငွေ ကျပ် ၃၆၆၁၁ သိန်းကို ကိုယ်ကျိုးအတွက်သုံးစွဲပြီးတိမ်းရှောင်နေခဲ့တယ်လို့ ဦးကျော်နိုင်က ရန်ကင်းရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။
"တိုင်ကြားထားတာဟုတ်ပါတယ်။ ဖြစ်စဉ်ကတော့ သူ့ကိုမိမှ အသေးစိတ်ကိုသိရမှာပါ။ တိုင်ကြားချက်တစ်ခုတည်းနဲ့တော့ ဘာမှပြောလို့မရသေးပါဘူး"လို့ ရန်ကင်း ရဲစခန်းက တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
လက်ရှိမှာတော့ မယမင်းဖြူအိကို ရန်ကင်းမြို့မရဲစခန်း(ပ)၃၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ စာရေး/ အစေခံက ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနဲ့ အမှုဖွင့်ပြီး လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။