အစိုးရအစီအစဥ်နဲ့ မလေးရှားက ပြန်လာသူတွေဖြစ်ပြီး ဘားအံမှာ ကွာရန်တင်းဝင်နေစဥ် ပိုးတွေ့ခဲ့တာ ဖြစ်ပါ တယ်။
ကရင်ပြည်နယ်မှာ မလေးရှားက ပြန်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဦးမှာ ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီးနောက် ဘားအံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေလျက်ရှိပါတယ်။ အစိုးရရဲ့ ကယ်ဆယ်ရေး လေယာဥ်အစီအစဥ်နဲ့ ပြန်ရောက်လာသူတွေဖြစ်ပြီး ဘားအံမှာ ကွာရန်တင်းဝင်နေစဥ် ပိုးတွေ့ရှိခဲ့တာပါ။
“သူတို့နဲ့အတူ ပြန်လာသူ ၁၅ဦး၊ဒီက သူတို့နဲ့ အနီးကပ်ထိတွေ့သူ ကားသမားနဲ့ ဌာနဆိုင်ရာဝန်ထမ်းက ၃ ယောက်၊ အဆောင်ကို မီးပြင်ပေးတဲ့ လျှစ်စစ်ဝန်ထမ်းက ၁၀ ယောက်၊ ဝေယျာဝစ္စလုပ်ပေးတာ တစ်ယောက် အားလုံးမှာတော့ ရောဂါပိုး မတွေ့ရှိပါဘူး။ သူတို့ နှစ်ဦးစလုံးလည်း ကျန်းမာရေးကောင်းမွန်ပါတယ်။”လို့ ကော့ကရိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က Duwun ကို ပြောပါတယ်။
ပိုးတွေ့လူနာ နှစ်ဦးစလုံးက ဘားအံမှာ ကွာရန်တင်းဝင်နေရသူတွေ ဖြစ်ပေမယ့် ဇာတိကတော့ ကော့ကရိတ်ဖက် ကဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကရင်ပြည်နယ်ရဲ့ ပထမဆုံး COVID လူနာများဖြစ်ပြီး မေလ ၂၆ ရက်နေ့ အထိ ကရင်ပြည်နယ်မှာ COVID အတည်ပြုလူနာအဖြစ် သူတို့ နှစ်ဦးသာ ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ အစိုးရအစီအစဥ်နဲ့ ပြန်လာသူတွေထဲမှာ မလေးရှားက ပြန်လာသူ ၁၁ ဦးထိ ပိုးတွေ့ရှိ ထားသလို ယူအေအီးက ပြန်လာသူ ၈ဦး၊အိန္ဒိယကပြန်လာသူ ၁ဦးနဲ့ အီတလီက ပြန်လာသူ တစ်ဦး စုစုပေါင်း ၂၁ဦး ပိုးတွေ့ရှိထားပါတယ်။
ကရင်ပြည်နယ်မှာတော့ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ နေ့စဥ်နဲ့အမျှ ပြန်လာ လျက်ရှိပြီး ပြန်လာသူအားလုံးကို ကိုဗစ်ရောဂါပိုး စစ်ဆေးလျက်ရှိကာ ပိုးကင်းစင်မှ သက်ဆိုင်ရာဒေသမှ ဆက် လက်ကွာရန်တင်းဝင်နေစေတယ်လို့လည်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံကတဆင့် သိရပါတယ်။