ဓါတ်ရောင်ခြည်ကုနဲ့ ကင်ဆာဆေးပညာဌာနနဲ့ ကုသဆောင်တို့ပါဝင်တာဖြစ်ပါတယ်။

ကျပ်သန်း ၃၂၀၀ ကျော်အကုန်အကျခံဆောက်လုပ်ထားတဲ့ ကင်ဆာကုဌာနကို ရန်ကုန်ဆေးရုံကြီးမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။



အဆိုပါကုသဆောင်က ငါးထပ်ရှိတာဖြစ်ပြီးတော့ ဓါတ်ရောင်ခြည်ကုနဲ့ ကင်ဆာဆေးပညာဌာနနဲ့ ကုသဆောင်တို့ပါဝင်တာဖြစ်ပါတယ်။

“ရန်ကုန်ဆေးရုံကြီးက ကုသဆောင်က ပုံမှန် ကုတင် ၈၀ ဆန့်ပါတယ်။အဆောင်ဟောင်းမှာဆိုရင် နေ့စဉ် ၂၀၀ နီးပါးဆေးရုံတက်နေရတယ်။ ကုတင်မရဘဲခုံထိုးအိပ်ရတာတွေရှိတာကြောင့် ဒီလိုတိုးချဲ့ဖွင့်တာဖြစ်ပါတယ်။” လို့ ဓါတ်ရောင်ခြည်ကင်ဆာကုဌာနက ပါမောက္ခဌာနမှုး ဒေါက်တာခင်ချိုဝင်းက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးရဲ့ ကုတင်၈၀ ဆန့်ကုသဆောင်မှာ နေ့စဉ်လူနာပေါင်း ၂၀၀ နီးပါးဆေးရုံတက်နေရတာဖြစ်ပြီး ကုတင်မရဘဲအပြင်မှာအိပ်ရတာတွေရှိတာကြောင့် ဒီလိုငါးထပ်ဆောင်ကိုဖွင့်တာဖြစ်တယ်လို့ ပြောပါတယ်။



ကင်ဆာဆောင်ရဲ့ပြင်ပလူနာဌာနမှာ လူနာ ၃၀၀ နေ့စဉ်ပြသတာဖြစ်ပြီးတော့ အသစ်ဖွင့်လှစ်လိုက်တဲ့ကင်ဆာဆောင်က ကုတင် ၃၀၀ ဆန့်တယ်လို့ သိရပါတယ်။

အဆိုပါကင်ဆာဆောင်မှာ high dose rate brachy therapy ဆိုတဲ့သားအိမ်ခေါင်းကင်ဆာဓါတ်အပ်စိုက်ကုသတဲ့ စက်ကိုဝန်ကြီးဌာနကထပ်မံဖြည့်ပေးထားပြီးတော့သားအိမ်ခေါင်းကင်ဆာလူနာတွေအနေနဲ့ ဆေးရုံတက်ဖို့မလိုဘဲ မိနစ်ပိုင်းအတွင်းမှာ ဓါတ်အပ်စိုက်ကုသနိုင်တယ်လို့ ပြောပါတယ်။

ကင်ဆာရောဂါကြောင့် ဆေးရုံတက်ရသူဦးရေက ရန်ကုန်ဆေးရုံကြီးမှာ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ ၇၂၅၄ ဦးရှိပြီးတော့ အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကင်ုဆာ၊ရင်သားကင်ဆာ၊အဆုတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ၊အူမကြီးကင်ဆာဖြစ်ပွားတာတွေများနေတာဖြစ်ပြီးတော့ အမျိုးသားတွေအနေနဲ့ အဆုတ်ကင်ဆာ၊ခံတွင်းကင်ဆာ။ အူမကြီးကင်ဆာဖြစ်ပွားမှုက အများဆုံးဖြစ်နေတယ်လို့ အချက်အလက်တွေအရသိရပါတယ်။ 

Share

Loading Next Article...
က္က