ကချင်ပြည်နယ်၊ ဟူးကောင်းချိုင်ဝှမ်းဒေသက တွေ့ရှိတဲ့ နှစ် ၉၉ သန်းသက်တမ်းရှိတဲ့ ပယင်းကျောက်ထဲမှာ ပင်လယ်သက်ရှိများတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
Photo - NIGPAS
မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ ဟူးကောင်းချိုင့်ဝှမ်းထဲမှာ အဆိုပါ ပယင်းကျောက်ကို တွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်သတ္တဝါနဲ့ ကုန်းနေပင့်ကူငယ်လေး၊ နကျယ်ကောင်တွေ၊ ကင်းနားသန်ကောင်တွေ အကောင်ပေါင်း ၄၀ လောက်ကို ပယင်းကျောက်ထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ နန်ဂျင်းမှာရှိတဲ့ ဘူမိဗေဒနဲ့ နိခါတကဗေဒ ဆိုင်ရာ တရုတ်သိပ္ပံကျောင်းရဲ့ ပါမောက္ခဖြစ်သူ မစ္စတာဝမ်ဘိုကရဲ့တွေ့ရှိချက်ကို Daily Mail သတင်းမှာ မေလ ၁၄ ရက်နေ့က ဖော်ပြထားတာာဖြစ်ပါတယ်။
Photo - NIGPAS
ပယင်းကျောက်ထဲမှာ ပင်လယ်ခရုကိုလည်း တွေ့ခဲ့ရပြီး ပညာရှင်တွေက X-Ray နဲ့ ကြည့်ရာမှာ ထုံးကျောက်ပါတဲ့ အခြေအနေကိုတွေ့ရသလို ပယင်းဖြစ်စေတဲ့ သစ်စေးဟာ ပင်လယ်ကမ်းခြေလို နေရာမျိုးမှာရှိခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။
Photo - NIGPAS
အဆိုပါ ပယင်းကျောက်ဟာ သမိုင်းဦးတိုင်ခင်ကာလ ဒိုင်နိုဆောတွေ ရှင်သန်ကျက်စားခဲ့ကြတဲ့ ဘူမိခေတ် Cretaceous ခေတ်က ရှင်သန်ခဲ့တဲ့ ကုန်းနဲ့ ရေသတ္တဝါတွေကို ထင်ထင်ရှားရှား မြင်တွေ့ရတာဖြစ်လို့ ထူးခြားနေကြောင်း ရုပ်ကြွင်းကိုလေ့လာသူကပြောပါတယ်။