တောင်ကျရေတိုက်စားတာကြောင့် သွားလာမှုခက်ခဲနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မိုးမောက်မှာရှိတဲ့ ကွန်ကရစ်တံတားတစ်စင်းဟာ ချောင်းရေတိုက်စားပြီး ဇူလိုင်လ ၂၆ ရက်နေ့က ပျက်စီးခဲ့ပါတယ်။


Photo-Ko Naygyi TGI

အရှည်ပေ ၂၀၀ ၊အကျယ် ၁၄ ပေရှိတဲ့ကွန်ကရစ်တံတားဖြစ်ပြီးတော့ အဲ့လို ရေတိုက်စားတာကြောင့် တံတားက တစ်ဖက်ကို စောင်းသွားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာလည်း အခြားသောတိုင်းနဲ့ ပြည်နယ်အသီးသီးမှာတွေ့ကြုံနေရတဲ့ မိုးရွာသွန်းမှုများနေတာကြောင့် တောင်ကျရေကျဆင်းတာတွေကို ကြုံတွေ့နေရတာဖြစ်ပြီးတော့လမ်းရေကျော်တာမျိုးတွေကြုံတွေ့နေရတာပါ။

နေပြည်တော်၊ ကရင်၊မွန်၊ရခိုင်ပြည်နယ် ပဲခူး၊ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ရေကြီးနစ်မြှုပ်ကြောင့်  ပျက်စီးဆုံးရှုံးမှုတွေ၊ ရေဘေးသင့်ပြည်သူတွေ ပိုများလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်ရှိ မြို့နယ်ခြောက်ခုမှာ လူတစ်သောင်းသုံးထောင်ကျော်၊ ဧရာဝတီတိုင်း ရှိ မြို့ ၃ မြို့မှာ လူ ၆၀၀၀ ကျော်၊ ပဲခူးတိုင်း မြို့ငါးမြို့မှာ လူ ၁ သောင်း လောက်နဲ့ မွန်ပြည်နယ် လူ ၃၀၀၀ ကျော်နဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ လူငါးရာ ရေဘေး ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က