Photo - allkpop
နိုဝင်ဘာလ ၂၉ရက်နေ့က ဆိုးလ်ခရိုင်တရားရုံးမှာ Jung Joon Young ကို တရားမဝင် ဗီဒီယိုရိုက်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုစတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၆နှစ်ချမှတ်ခဲ့ပြီး Choi Jong Hun ကိုတော့ ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့ကြောင်း allkpop သတင်းဌာနမှာ ဖော်ပြထားပါတယ်။
နှစ်ဦးစလုံးဟာ ပြစ်ဒဏ်အပြင် နာရီ ၈၀ ကြာ လိင်ပညာပေးမှုကို လက်ခံရမှာ ဖြစ်ပြီးတော့ ဆယ်ကျော်သက်တွေ ကလေးသူငယ်တွေနဲ့ ဆက်ဆံပတ်သက်ရမယ့် နေရာတွေမှာ ငါးနှစ်တိတိ အလုပ်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခံရမှာ ဖြစ်ပါတယ်။
၎င်းတို့ကို တရားစွဲဆိုထားတဲ့ ပြစ်မှုတွေထဲမှာ ၂၀၁၆ ဇန်နဝါရီလအတွင်း အရက်မူးနေတဲ့ အမျိုးသမီးတစ်ဦးကို ဂန်ဝန်ဒို ရပ်ကွက်မှာ အုပ်စုဖွဲ့ အဓမ္မကျင့်မှုလည်း ပါဝင်ပါတယ်။
Jung Joon Young ကတော့ တရားမဝင် Video Footage တွေကို ဖြန့်ချိမှုနဲ့ သူရဲ့ ကာမဆက်ဆံတဲ့ ဗီဒီယိုတွေကို Kakao Talk app chatroom ကနေ မျှဝေပေးမှုတို့ပါ ထည့်သွင်းပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ ရပါတယ်။
ဒါ့အပြင် chatroom ထဲမှာ ပါဝင်ခဲ့တဲ့ တခြားသူတွေကိုလည်းပြစ်ဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့သိရပါတယ်။