ပထမဆုံးအကြိမ်အဖြစ်နဲ့ ၁၀၀၀ ကျပ်တန်ထီလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။
ကျပ်တစ်ထောင်တန်ထီလက်မှတ်ပုံစံ( ဓါတ်ပုံ- ဘဏ္ဍာရေးဝန်ကြီးဌာန)
အဆိုပါလက်မှတ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးရောင်းချသွားမှာဖြစ်ပြီးတော့ နဂိုရောင်းချနေတဲ့ (၂၄)ကြိမ်မြောက် ငါးရာတန် အောင်ဘာလေထီလက်မှတ်တွေကို ပူးတွဲရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၁၀၀၀ တန်ထီလက်မှတ်တွေအတွက် အမြင့်ဆုံးဆုအနေနဲ့ ကျပ်သိန်း ၁၅၀၀၀ (ကျပ်သိန်းတစ်သောင်းငါးထောင်) ချီးမြှင့်မှာဖြစ်ပြီးတော့ ကျပ် ၅၀၀ တန်အောင်ဘာလေထီအတွက် အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းကို ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထီစာအုပ်ရောင်းချငွေအပေါ်ကိုတော့ ခွဲဝေချီးမြှင့်မယ့် ဆုမဲစာရင်းတွေကိုလည်း ထီဖွင့်ပွဲမတိုင်ခင်မှာ ထပ်မံကြေငြာပေးသွားမယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။
၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်တွေကိုတော့ အလျား ၁၃.၈ စင်တီမီတာ၊ အနံ ၆.၄ စင်တီမီတာ ရှိပြီးတော့ (၁)ကြိမ်မြောက် ၁၀၀၀ တန်ထီလက်မှတ်နမူနာကိုပါ ထုတ်ပြန်ထားတာဖြစ်ပါတယ်။