ဗီလာကတော့ ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက်နည်းသွားခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ ဗီလာတို့ ဂရိကလပ် အိုလံပီယာကော့စ်ကို ၂-၄ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ အက်စတွန်ဗီလာဘက်က အဓိက​ ဂိုးသမား မာတီနက်ဇ် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။



မာတီနက်ဇ်ဟာ လိုင်လီကို အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ပင်နယ်တီအဆုံးအဖြတ်အတွင်းအပါအဝင် အဝါကတ်နှစ်ကတ်ထိခဲ့ပါတယ်။ အဆိုပါပွဲမှာ အထုတ်မခံခဲ့ရပေမယ့် ပြိုင်ပွဲအတွင်း အဝါကတ် သုံးကတ်ပြည့်ခဲ့တာကြောင့် အခုလိုပဲ ဒီပွဲကို လွဲချော်ခဲ့ရတာပါ။

အိုလံပီယာကော့စ်ကတော့ ဗီလာကို ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ အရင်ဆုံး စတင်ဦးဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်း နာကျင်အချိန်ပိုမှာ ဝက်ကင်းစ်၊ ဒုတိယပိုင်းမှာ ဒီယာဘီတို့က ချေပဂိုးတွေ ပြန်လိုက်သွင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်က အိုလံပီယာကော့စ် တိုက်စစ်မှူး အယ်လ်ကာဘီက တောက်လျှောက်ခြေစွမ်းပြနေပြီး သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဟက်ဇီက အိုလံပီယာကော့စ်အတွက် စတုတ္ထမြောက်ဂိုးကို သွင်းပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ အက်စတွန်ဗီလာတို့ ပင်နယ်တီတစ်ကြိမ် ရရှိခဲ့သေးပေမယ့် ဒီပင်နယ်တီကို ဒေါက်ဂလပ်စ်လုဇ် ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် ဗီလာတို့ အိမ်ကွင်းမှာ ၂-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် ဗီလာတို့ ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာဖြစ်ပြီး ဗိုလ်လုပွဲတက်ရေး ဝေဝါးသွားခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က