ဆန်ချို၊ ဗာရာနီ၊ ရော်နယ်ဒိုတို့ကို ယူနိုက်တက်က ခေါ်ယူထားနိုင်ခဲ့ပါပြီ။

အိုးထရက်ဖို့ဒ်မှာ ရှိနေတဲ့အပေါ် ပျော်ရွှင်ကျေနပ်မိတယ်လို့ ပေါ့ဂ်ဘာက ပြောဆိုလိုက်ကာ ဆုဖလားတွေရယူဖို့ ပစ်မှတ်ထားနေကြောင်းလည်း ဖွင့်ဟသွားခဲ့ပါတယ်။ 


ဆန်ချို၊ ရော်နယ်ဒိုနဲ့ ဗာရာနီတို့ကို ဒီရာသီမှာခေါ်ယူနိုင်ခဲ့ပြီးနောက် သူကစားနေတဲ့အချိန်တွေအတွင်းမှာ အတောင့်တင်းဆုံးလူစာရင်းဖြစ်တယ်လို့ ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာက ပြောဆိုလိုက်ပါတယ်။ ဒီအတွက်ကြောင့် အိုးထရက်ဖို့ဒ်မှာ ရှိနေတဲ့အပေါ် ပျော်ရွှင်ကျေနပ်မိတယ်လို့ ပေါ့ဂ်ဘာက ပြောဆိုလိုက်ကာ ဆုဖလားတွေရယူဖို့ ပစ်မှတ်ထားနေကြောင်းလည်း ဖွင့်ဟသွားခဲ့ပါတယ်။ 

ဒီရာသီသစ်မစတင်ခင်မှာ ပေါ့ဂ်ဘာရဲ့ အနာဂတ်က လှုပ်ခတ်မှုတွေရှိနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျ်ီတို့ကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ အသင်းဖော်အဖြစ် လက်တွဲရတော့မှာက ပေါ့ဂ်ဘာအတွက် တော်တော်လေးကျေနပ်စရာကောင်းလာခဲ့တာကတော့ အမှန်ပါပဲ။ 

ဒါကြောင့်လည်း အသက် ၂၈နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူက ဝုလ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ TV2 က တဆင့် အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ "ယူနိုက်တက်က အမြဲတမ်းတောင့်တင်းတဲ့အသင်းပါ၊ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ကျွန်တော်ကစားခဲ့တဲ့ကာလအတွင်း အတောင့်တင်းဆုံးအသင်းဖြစ်နေပါပြီ၊ ဒါက ဆုဖလားတွေရယူဖို့ ဒီအသင်းရဲ့ DNA ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်၊ တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်လာရင် ချန်ပီယံဖြစ်လာနိုင်ပါပြီ"


"ချန်ပီယံဖြစ်ဖို့ ခက်ခဲတယ်ဆိုတာကို သိပေမယ့်လည်း ဒီရာသီမှာ ဆုဖလားတွေကိုင်မြှောက်နိုင်အောင် အကောင်းဆုံးလုပ်သွားမှာပါ" လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ပေါ့ဂ်ဘာက ယူနိုက်တက်အတွက် ခြေစွမ်းပြကစားနေပြီး ၃ ပွဲကစားအပြီးမှာ ဖန်တီးမှု၅ ကြိမ်အထိ ပြုလုပ်ပေးထားကာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ ရရှိခဲ့တဲ့ ဖန်တီးမှုထက် ၂ ကြိမ်ပိုများနေပြီဖြစ်ပါတယ်။

ယူနိုက်တက်နဲ့အတူ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးထားတဲ့ ပေါ့ဂ်ဘာအတွက် အမှတ်ပေးဖလားကို ရရှိဖို့အတွက် အခုအချိန်မှာ အကောင်းဆုံးအခွင့်အရေးဖြစ်နေတာဆိုရင်လည်း မမှားပါဘူး။ နာမည်ကျော်ကစားသမား ၃ ဦး အသင်းကို ရောက်ရှိမှုနဲ့အတူ ဖာဂူဆန်အနားယူပြီး နောက်ပိုင်း အမှတ်ပေးဖလားမရရှိတော့တဲ့ စံချိန်ဆိုးကို ချေဖျက်ပြဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။ 

Share

က္က