မီးတန်းယာဉ်နဲ့ အိမ်အထိလိုက်ခေါ်ပေးခဲ့ရပါတယ်။
ညကစာကျက်ထားတာကြောင့် စာမေးပွဲဖြေချိန်မှာ အိပ်ပျော်နေခဲ့တဲ့ ကျောင်းသားတစ်ယောက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အိမ်တိုင်ရာရောက်သွားခေါ်ဆောင်ပြီး စာမေးပွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo - Yangon Traffic Police



မတ်လ ၇ ရက်နေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုရမယ့်နေ့မှာ ဒေါပုံ အ.ထ.က ၁ ကျောင်းမှာ ဖြေဆိုရမယ့် ကျောင်းသားတစ်ယောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမဖြေတာကြောင့် အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ကြည့်ရာ ညက စာကျက်နေတာကြောင့် အဆိုပါကျောင်းသား အိပ်ပျော်နေကြောင်း စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကနေ မီးတန်း ဆိုင်ကယ်နဲ့ ကျောင်းသား နေထိုင်ရာ ဒေါပုံမြို့နယ်၊ ယမုံနာ ၂ ရပ်ကွက် ကမ်းနားလမ်းရှိ အိမ်အထိသွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး စာမေးပွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

Photo - Yangon Traffic Police

မနေ့က မတ်လ ၆ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၃ ယောက် ကျောင်းမှားပြီး စာမေးပွဲဖြေဖို့ရောက်လာတာကြောင့် ကျောင်းအမှန်ကို ယာဉ်ထိန်းတွေက လိုက်ပို့ပေးခဲ့ကြပါတယ်။

မတ်လ ၆ ရက်နေ့က စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူပေါင်း ၈ သိန်း ၅ သောင်းကျော် ဝင်ရောက်ဖြေဆိုနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က