အပြောင်းအလဲများစွာ ပြုလုပ်သွားဖို့ စီစဉ်နေတာပါ။

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဒိုင်ယာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်မယ့်ကစားသမားစာရင်းထဲမှာ ပါဝင်နေတယ်လို့ The Times ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုချက်တီနိုဟာ ဆိုးရွားတဲ့ရာသီအစနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခြေစွမ်းမပြသနိုင်တဲ့ကစားသမားတွေကို ရှင်းထုတ်ပစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အဲရစ်ဆင်၊ ဒန်နီရို့စ်၊ အော်ရီရာ၊ ဝမ်ယာမာတို့ဟာ ပိုချက်တီနိုရဲ့ ရှင်းလင်းရေးစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပြီး အဲရစ်ဒိုင်ယာဟာ ယင်းကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိုင်ယာဟာ စနေနေ့က ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စပါးအသင်းအတွက် ယခုရာသီ ပထမဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ယခုရာသီမှာတော့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားတာဖြစ်ပါတယ်။



ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း တင်ရှားဝုဒ်က အသင်းဥက္ကဌ ဒန်နီရယ်လီဗိုင်းအနေနဲ့ နည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း talkSPORT ကို ပြောကြားခဲ့ပါတယ်။

“ဒန်နီရယ်လီဗိုင်းက ဘောလုံးလောကမှာ ငွေအမက်ဆုံးလူတွေထဲက တစ်ဦးပါ။ သူ စိတ်ပုံမှန်အခြေအနေရှိနေတဲ့အချိန်မှာ ပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်မယ်လို့ ခင်ဗျား ထင်လို့လား”

“သူ ဒီအသင်းနဲ့ပတ်သက်ပြီး ဘဏ်ထဲမှာ အကြွေးတွေ တော်တော်များနေပါပြီ။ သူ ပိုချက်တီနိုကို ထုတ်ပစ်စရာ ဘာအကြောင်းမှမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က