တစ်လထက်တစ်လ ပိုကောင်းလာတယ်လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြဆိုးလ်ရှားလက်အောက်မှာ တိုးတက်လာတယ်ဆိုပေမယ့်လည်း နောက်ထပ်ကစားသမား ၄ ဦး ဒါမှမဟုတ် ၅ ဦးအထိ ခေါ်ယူဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဂယ်ရီနဗီးက ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီအစမှာ အံ့အားသင့်ဖွယ်ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်ခဲဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲအထိ အနိုင်ရရှိခဲ့ပေမယ့်လည်း အဆင့် ၇ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။

ဆိုးလ်ရှားက တနင်္ဂနွေနေ့က ဘရိုက်တန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ယခုရာသီရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် ဖော်ပြခဲ့ပြီး ဂယ်ရီနဗီးက ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက ပုံစံကြောင့် ယုံကြည်မှုရှိလာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆိုးလ်ရှားရဲ့ လူစာရင်းကို စစ်မှန်တဲ့အရည်အသွေးနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမား ၅ ဦးလောက် ထပ်မံအင်အားဖြည့်တင်းပေးဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မန်ချက်စတာယူနုုိက်တက်အသင်းအတွက် ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တာကလွဲလို့ ကောင်းမွန်တဲ့လတစ်လဖြစ်ခဲ့ပါတယ်”

“ဒါမျိုးပွဲစဉ်က စိတ်ပျက်စရာကောင်းပြီး ကျွန်တော်တို့ကို နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားစေပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ အရင်လကထက် ပိုကောင်းတဲဲ့လဖြစ်ခဲ့ပါတယ်”

“ကွင်းထဲမှာ တစ်ခုခုလုပ်ဖို့ ရှိနေကြတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ မေဆင်ဂရင်းဝုဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ရဲ့ စစ်မှန်တဲ့ စိတ်လှုပ်ရှားမှုအချို့ကို ခင်ဗျား မြင်တွေ့နိုင်ပါတယ်”

“ခံစစ်ပိုင်းမှာလည်း ဟယ်ရီမက်ဂွိုင်းယား၊ အာရွန်ဝမ်ဘစ်စ်ကာတို့ကလည်း တစ်စုံတခုကို လုပ်ဖို့ ရှိနေပါတယ်။ လူငယ်လေး ဘရန်ဒန်ဝီလီယံကလည်း ကျွန်တော့်ကို ကြီးမားတဲ့မျှော်လင့်ချက်မျိုး ပေးနိုင်ပါတယ်”

“သူတို့လိုအပ်တာ နောက်ထပ် ဗဟိုခံစစ်ကစားသမား၊ ဘယ်နောက်ခံ၊ ကွင်းလယ်ဗဟိုနဲ့ တိုက်စစ်မှူးပါ”

“ဒါက ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အပြီးမှာတောင်မှ အကုန်လုံးကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီမှာ တစ်စုံတခုက ရှိနေပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

က္က