ကစားသမားနှစ်ဦးစလုံးကလည်း ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ဂျိမ်းက ဘိုင်ယန်မှာ အငှားကစားနေပေမယ့် ပွဲထွက်ခွင့်မရလို့ ရာသီကုန်ရင် ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ပေါ်နေသူ ဖြစ်ပြီး ဒိုင်ဘာလာကလည်း ဂျူဗင်တပ်မှာ နေရာမရ ဖြစ်နေသူပါ။

ရီးရဲမက်ဒရစ်အသင်းက အငှားချထားတဲ့ တိုက်စစ်မှူးဂျိမ်းကို ဂျူဗင်တပ်အသင်းထံရောင်းချလိုနေပြီး ဂျူဗင်တပ် အသင်းက ဒိုင်ဘာလာကို ပြန်လည်လိုချင်နေတယိလု့ိ Fox Sports Asia သတင်းဌာနက ဖော်ပြလာပါတယ်။

ဂျိမ်းအနေနဲ့ ဘိုင်ယန်မှာ အငှားသွားကစားနေတယ် ဆိုပေမယ့် နည်းပြ နီကိုကိုဗက်လက်အောက်မှာ စိတ်ကျေ နပ်မှုမရပဲ ပွဲထွက်ခွင့်ပျောက်ဆုံးနေသူပါ။ဒါကြောင့်ဒီနှစ်ဘောလုံးရာသီကုန်တာနဲ့ အသင်းကနေ ပြန်လာဖို့ ဆုံး ဖြတ်ထားသူလို့လည်းသိရပါတယ်။

ဂျူဗင်တပ်အသင်းကလည်း ရီးရဲအသင်းက ခေါ်ထားတဲ့ ရော်နယ်ဒိုရဲ့ ထောက်ခံချက်နဲ့ အသင်းဖော်ဖြစ်တဲ့ ဂျိမ်း ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပြန်တာပါ။

အခြားတစ်ဖက်မှာတော့ ရီးရဲအသင်းအနေနဲ့ ဂျူဗင်တပ်အသင်းက အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာကို ပြန်လည်အလိုရှိနေတယ်လို့ အီတလီသတင်းစာ ကယ်လ်စီယိုမာကာတိုက ပြန်လည်ဖော်ပြထားတာတွေ့ရပါတ ယ်။

ကစားသမား နှစ်ဦးစလုံးကလည်း ကိုယ်စီ အသင်းပြောင်းရွှေ့ချင်နေကြသူတွေလို့သိရပြီး ကစားသမားနှစ်ဦးရဲ့ အပြောင်းအရွှေ့ကြား ငွေကြေးအနည်းငယ်လည်း ပါဝင်လာဖွယ်ရှိနေတယ်လို့ Fox Sports Asia က ဖော်ပြထားပါတယ်။

Share

က္က