စင်ကာပူမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဒီနှစ် လူဝယ်ရာသီမှာ ကစားသမားသစ်တွေ အဖြစ် ရမ်ဆေး၊ ဒီလစ်၊ ပယ်လီဂရီနီ၊ ရာဘီအို့စ်၊ ဘူဖွန်တို့ကို ခေါ်ယူထားပေမယ့် နောက်ထပ် ကစားသမားသစ် ထပ်လိုချင်နေသေးတာလိုု့ ပြောလာတာပါ။

ဂျူဗင်တပ်နည်းပြသစ် ဆာရီကတော့ လူဝယ်ရာသီမတိုင်ခင် အသင်းကို ကစားသမားသစ်တွေ ထပ်ဝယ်ပေးဖို့ မျှော်လင့်နေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ ဒီနှစ် လူဝယ်ရာသီမှာ အာရွန်ရမ်ဆေး၊ဒီလစ်၊ရာဘီအို့စ်၊ပယ်လီဂရီနီ၊ဘူဖွန်တို့ကို ခေါ်ယူထားပေမယ့်လည်း နည်းပြသစ် ဆာရီကတော့ နောက်ထပ် ခေါ်ယူမှုတွေကို စောင့်မျှော်နေတာလည်း ဖြစ်ပါတယ်။



“ ကျွန်တော်တို့မှာလုံလောက်တဲ့ ကစားသမားအင်အားရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်က အခြေအနေတစ် ခုကို ပြောနေတာပါ၊ အခုအခြေအနေမှာ ကျွန်တော့်မှာ ဒဏ်ရာရ ကစားသမား ၇ ဦးအထိ ရှိနေပြီး ၅ ဦး လောက်က နိုင်ငံတကာ တာဝန်တွေကနေ ပြန်လာထားသူတွေပါ။”လို့ ဆာရီက စင်ကာပူမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ICC 2019 ပြိုင်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောသွားတာပါ။

ဂျူဗင်တပ်အသင်းကတော့ စင်ကာပူမှာ ကစားခဲ့တဲ့ ICC 2019 ပြိုင်ပွဲမှာ စပါးအသင်းကို ၃-၂ နဲ့ အရေးနိမ့် ခဲ့ပါတယ်။ လက်ရှိ စီးရီးအေ ချန်ပီယံ ဖြစ်ပေမယ့် အသင်းကို ချန်ပီယံ ဆက်တိုက် ဖြစ်အောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ အယ်လီဂရီနီနဲ့ လမ်းခွဲပြီးနောက် ချဲလ်ဆီးနည်းပြဟောင်း ဆာရီကို အစားထိုးခန့်ထားတာ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ဆာရီက ဒဏ်ရာရ ကစားသမားတွေနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်နေတဲ့ကစား သမားတွေ များနေလို့ လူဝယ်ရာသီမကုန်ခင် နောက်ထပ် ကစားသမားသစ်ခေါ်ယူပေးဖို့ မျှော်လင့်နေတယ် လို့ ဆိုလာတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမားဟောင်း ပေါ လ်ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က