ပွဲစဉ်တွေကို အလျင်စလိုမကျင်းပဖို့ အလိုရှိနေကြတာပါ။

ဂျာမနီကလပ်အသင်းအချို့ လေ့ကျင့်မှုများပြန်လည်ပြုလုပ်နေပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ ပြန်လည်ကျင်းပမယ့်အချိန်အတွက် ညှိနှိုင်းမှုတွေပြုလုပ်နေဆဲပါ။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး (PFA )ရဲ့ဥက္ကဋ္ဌဂေါ်ဒွန်တေလာက ဘောလုံးပွဲစဉ်တွေကိုအ လျင်အမြန်ပြန်လည်စတင်ဖို့မသင့်တော်ကြောင်း၊ ကစားသမားတွေရဲ့အနာဂတ်အတွက် စိတ်ချရတဲ့အခြေအနေ ရောက်မှကျင်းပခြင်းက ကာကွယ်ခြင်းတစ်ခုဖြစ်တဲ့အပြင်ကစားသမားတွေအတွက်လည်းစဉ်းစားပေးရာရောက်  ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို dailymail ကဖော်ပြလာပါတယ်။

လက်ရှိမှာ ထိပ်တန်းအမှတ်ပေးလိဂ်ပွဲစဉ်အားလုံးရပ်နားထားရတယ်ဆိုပေမယ့် ဂျာမနီကလပ်အသင်းအချို့ကေ တာ့ လေ့ကျင့်မှုအချို့ပြန်လည်စတင်နေသလို ပရီးမီးယားလိဂ်အသင်းအချို့ကလည်း ပွဲပြန်လည်ကျင်းပဖို့လျာ ထားတဲ့ ဇွန်လအမီ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ကြဖို့ စီစဉ်နေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။



“ အသင်းတွေအနေနဲ့ ဘဏ္ဍာရေးတစ်ခုတည်းကိုမကြည့်သင့်ပါဘူး။ ကစားသမားတွေကို ကာကွယ်ပေးသင့်ပါ တယ်။ စိုးရိမ်ရတဲ့အခြေအနေမှာ အလျင်စလိုမလုပ်သင့်ပါဘူး။ ကစားသမားတွေမရှိတော့ရဲ့ ဘောလုံးလောက ရဲ့ အလှပဆုံးအခိုက်အတံ့တွေ ရှိတော့မှာမဟုတ်ပါဘူး။ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တွေအကုန်သေ ဆုံးသွားပါလိမ့်မယ် ” လို့ PFA ဥက္ကဋ္ဌက သတိပေးပြောဆိုလိုက်တာပါ။

ပွဲစဉ်တွေရွှေ့ဆိုင်းရခြင်းကြောင့် ပရိသတ်ကွင်းဝင်ကြေးမရခြင်း၊ ရုပ်သံထုတ်လွှင့်ခမရရှိခြင်းများကြောင့် ဘဏ္ဍာ ရေး စိန်ခေါ်မှုများရှိလာခဲ့တဲ့အတွက် ပွဲစဉ်တွေကို သတ်မှတ်ရက်အတိုင်းပြန်လည်စတင်ဖို့ အသင်းပိုင်ရှင်အများ စုက အလိုရှိနေကြတာလည်းဖြစ်ပါတယ်။

အက်ဖ်အေတာဝန်ရှိသူတွေကတော့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဧပြီ ၃ဝရက်နေ့အထိရွှေ့ဆိုင်းတယ် လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဇွန်လအတွင်းရောက်မှသာ ပွဲစဉ်အားလုံးကို ကျင်းပပေးသွားမယ်လို့ထပ်မံ အတည်ပြုကြေညာထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က