လူစားလဲဖို့အတွက် အချက်ပြမှုတောင်လုပ်ခဲ့ရပါတယ်။

ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ဘာစီလိုနာအတွက် ကစားပေးနိုင်တာတောင် သိပ်မကြာသေးတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီပြသနာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။


ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးအဂူရိုဟာ မနေ့က ကစားခဲ့တဲ့ အလာဗက်စ်နဲ့ပွဲမှာ အသင်းအတွက် ကစားပေးနေရင်း ရင်ဘတ်အောင့်ဝေဒနာကို ခံစားခဲ့ရကာ အသက်ရှူပြသနာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ဘာစီလိုနာအတွက် ကစားပေးနိုင်တာတောင် သိပ်မကြာသေးတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီပြသနာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။



တဖက်တဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့လို့ နိုင်ပွဲထပ်ပျောက်ခဲ့တဲ့ ဘာစီလိုနာဟာ နည်းပြဟောင်းကိုးမန်းကို ထုတ်ပယ်မှု၊ အသင်းတွင်းစိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေဖြစ်ပေါ်နေချိန်မှာ အဂူရိုရဲ့ ပြသနာကလည်း စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ဒီရာသီကမှ မန်စီးတီးကနေ ဘာစီလိုနာကို အဂူရိုက အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ရီးရဲလ်ကိုရှုံးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲမှာ ဘာကာအတွက် ပထမဆုံးဂိုးကို ရယူနိုင်ခဲ့ပါသေးတယ်။

"အဂူရိုက ပထမပိုင်းမှာ ရင်ဘတ်နာကျင်မှုဝေဒနာခံစားခဲ့လို့ သူ့ကို ကော်တင်ဟိုနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်၊ ပြီးတော့ သူ့ကို ဆေးရုံဆီချက်ချင်းပို့ဆောင်ခဲ့ပြီး နှလုံးပြသနာဟုတ်၊မဟုတ်ဆိုတာကို စစ်ဆေးခဲ့ပါတယ်" လို့ ဘာစီလိုနာက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဂူရိုဟာ ကစားနေစဉ်အတွင်းမှာ သူ ဆက်လက်ကစားနိုင်ဖို့မဖြစ်ဘူးလို့ အသင်းကို အချက်ပြခဲ့ပြီး လူစားလဲဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

သူဟာ ရင်ဘတ်ကိုဖိကာ မသက်မသာဖြစ်နေတဲ့ပုံစံကို မြင်တွေ့ခဲ့ရပြီး ဆေးဝန်ထမ်းတွေက အဂူရိုကို အလျင်အမြန်ပဲ လာရောက်ကူညီပေးခဲ့ပါတယ်။ ဒီနောက် သူဟာ ကွင်းအပြင်ကို ဖြည်းဖြည်းချင်းပဲ ထွက်ခွာသွားခဲ့ရတာလည်းဖြစ်ပါတယ်။ "သူ တော်တော်လေးခံစားနေရတယ်လို့ ပြောပါတယ်၊ ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ သတိထားရမှာပါ၊ လက်ရှိမှာတော့ အများကြီး ကျွန်တော်မပြောနိုင်သေးဘူး" လို့ ဘာကာယာယီနည်းပြ ဆာဂျီဘာဟွမ်က ပြောဆိုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က