အင်္ဂလန် ကြယ်ပွင့်တိုက်စစ်မှူး ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ကူညီနိုင်အောင် ဂိုးပိုမို သွင်းယူဖို့ ကစားသမား ၅ ဦးကိုတောင်းဆိုခဲ့ပေမယ့်လည်း ဗက်ဟော့စ်ကိုတော့ ချန်လှပ်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ အလွန်ဂိုးသွင်းကောင်းတဲ့ ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်က လာမယ့် နွေရာသီမှာ ကျောနံပါတ် ၉ ကစားသမားသစ်ကို မခေါ်ယူမီ ၎င်းရဲ့ အခြားကြယ်ပွင့်ကစားသမားတွေက အင်္ဂလန် ကြယ်ပွင့်တိုက်စစ်မှူး ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

 

တန်ဟက်က ဂိုးသွင်းယူနိုင်တဲ့ အရည်အချင်းရှိတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမား ၅ ဦးကို ရွေးထုတ်ပြောဆိုခဲ့ပေမယ့်လည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တဲ့ ဗက်ဟော့စ်ကိုတော့ ထည့်မပြောခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့မှာ ဘရူနို၊ ဆန်ချို၊ အန်သိုနီ မာစီယယ်လ်၊ မက်တော်မီနေး၊ အန်တိုနီတို့လို ကစားသမားတွေ ရှိနေပြီး ဂိုးတွေသွင်းယူနိုင်ဖို့ လုံလောက်တဲ့ကစားသမားတွေ ရှိတာ ကျိန်းသေပါတယ်။ ကျွန်တော် အရင်တုန်းက ပြောခဲ့တာက လာမယ့်ရာသီအတွက် နောက်ကွယ်မှာ ကျွန်တော် အလုပ်လုပ်နေသလို ဒီရာသီအတွက်လည်း အလုပ်လုပ်နေပါတယ်။ အဲဒီတော့ ပထမဆုံးအနေနဲ့ အားလုံးက ပါဝင်ကစားပေးနိုင်တယ်ဆိုတာကို သေချာအောင် လုပ်ရမှာဖြစ်ပြီး ကစားတဲ့ပုံစံကို ဆက်ပြီး တိုးတက်အောင် လုပ်ရပါမယ်။ အဲဒါက ဂိုးတွေ ပိုသွင်းယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က