အံ့မခန်းစွမ်းဆောင်ရည်တွေ အများအပြားနဲ့ လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။


လီယွန်နယ် မက်ဆီဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ဘရာဇီးလ်ဂန္တဝင် ကာကာရဲ့ 'Triple Crown'ကလပ်ထဲမှာ ကြိုဆိုခြင်းခံခဲ့ရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် မက်ဆီဟာ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာဖြစ်ပြီး အံ့မခန်းစွမ်းဆောင်ရည်တွေ အများအပြားနဲ့ လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွင်း အာဂျင်တီးနားအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုဖလားကြီးကို ကိုင်မြှောက်ခွင့် နောက်ဆုံးမှာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် လီယွန်နယ် မက်ဆီဟာ ကစားသမား ၉ ဦးသာ ပါဝင်ခွင့် ရရှိထားတဲ့ အထူးသီးသန့်ကလပ်ဖြစ်တဲ့ 'Triple Crown' ကလပ်ထဲကို ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပြီး 'Triple Crown'အဖွဲ့ဝင်တွေအားလုံးဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်နဲ့ အနည်းဆုံး ဘလွန်ဒေါဆုတစ်ဆု ရရှိဖူးသူတွေ ဖြစ်ကြပါတယ်။ လီယွန်နယ် မက်ဆီဟာ ချန်ပီယံလိဂ်ဖလားနဲ့ ဘလွန်ဒေါဆုကိုပါ ရရှိခဲ့ပြီးဖြစ်တာကြောင့် ကာတာမှာ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် သတ်မှတ်ထားတဲ့ အရည်အချင်းကန့်သတ်ချက်တွေကို ပြည့်မီသွားခဲ့တာဖြစ်ပြီး ဘရာဇီးလ်ဂန္တဝင် ကာကာက အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ၎င်းရဲ့ အင်စတာဂရမ် စတိုရီမှာ 'ကလပ်ကနေ ကြိုဆိုပါတယ် လီယို မက်ဆီ'ဆိုတဲ့စာသားနဲ့အတူ ပုံတင်ပြီး ကြိုဆိုခဲ့တာဖြစ်ပါတယ်။


'Triple Crown'ကလပ်ထဲက အခြားအဖွဲ့ဝင်တွေကတော့ ဆာ ဘော်ဘီ ချာလ်တန်၊ ဘက်ကင်ဘောင်ဝါ၊ ဂတ် မူလာ၊ ပါအိုလို ရော့ဆီ၊ ဇီဒန်း၊ ရီဗယ်လ်ဒို၊ ရော်နယ်လ်ဒင်ညို၊ ကာကာတို့ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က