အမ်ဘာပေနဲ့နေမာတို့ ပြဿနာတက်ထားတာပါ။

ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီတို့ မောင့်ပယ်လီယာကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ နေမာနဲ့ အမ်ဘာပေတို့ရဲ့ ပြဿနာမှာ အမ်ဘာပေရဲ့အမေဖြစ်သူကိုယ်တိုင်ပါ သတင်းထောက်တွေကို ဝင်ရောက်ရှင်းလင်းပြောကြားခဲ့ရပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီနိုင်ခဲ့ပေမယ့် အမ်ဘာပေနဲ့နေမာတို့ ပင်နယ်တီလုကန်တဲ့ကိစ္စအပြင် အမ်ဘာပေတယောက် ဒီပွဲထဲမှာ ပြဿနာအတော်လေးရှာခဲ့တာပါ။



အမ်ဘာပေဟာ ဒီပွဲမှာ ပထမဆုံးရရှိခဲ့တဲ့ ပင်နယ်တီကို ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ထပ်တကြိမ် ပင်နယ်တီရတဲ့အခါမှာတော့ နေမာက ကန်သွင်းယူခဲ့ပါတယ်။ ဒီလိုမျိုး နေမာ ပင်နယ်တီမကန်ခင်မှာ အမ်ဘာပေက သူ့ကိုပင်နယ်တီပေးကန်ဖို့ နေမာထံ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် နေမာက အရေးမစိုက်ခဲ့ဘဲ သူကိုယ်တိုင်သာ ကန်သွင်းခဲ့တာပါ။

ဒီပြဿနာအတွက် ပွဲအပြီးမှာ ပီအက်စ်ဂျီအားကစားဒါရိုက်တာကမ်းပို့စ်၊ နည်းပြ ဂဲလ်တီယာတို့နဲ့အတူ အမ်ဘာပေ၊ နေမာတို့ နှစ်ယောက် မျက်နှာချင်းဆိုင် ဖြေရှင်းခဲ့ကြပြီး ပြဿနာက ပြီးဆုံးခဲ့ပြီလို့ သိရပါတယ်။ အမ်ဘာပေရဲ့အမေဖြစ်သူ ဖေဇာလာမာရီက “အတွင်းပိုင်းမှာတင် ဒီပြဿနာက ဖြေရှင်းလို့ပြီးပါပြီ။ အရာအားလုံးက ပြီးပြည့်စုံသွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ စာချုပ်သစ်ချုပ်ဆိုပြီးနောက် ပီအက်စ်ဂျီမှာ အားကစားဒါရိုက်တာနဲ့ နည်းပြတို့ထက် လုပ်ပိုင်ခွင့် ပိုမိုရရှိလာခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်လာတာနဲ့အတူ သူနဲ့ အသင်းဖော်တွေ အထူးသဖြင့် မက်ဆီ၊ နေမာတို့အကြား ဆက်ဆံရေးက ဆိုးရွားလာတယ်လို့ သတင်းတွေက ဆက်တိုက်ဖော်ပြနေပါတယ်။

မောင့်ပယ်လီယာနဲ့ပွဲမှာပဲ အမ်ဘာပေတယောက် အသင်းဖော် ကွင်းလယ်လူ ဗစ်တင်ဟာကို စိတ်ဆိုးဒေါသထွက်ပြီး ကွင်းထဲမှာ လိုက်မကစားတော့ဘဲ မတ်တပ်ရပ်နေခဲ့ပါသေးတယ်။ အမ်ဘာပေရဲ့အတ္တက သူ့ကိုပြန်လည်ဖိနှိပ်နေပြီး ပရိသတ်တွေကလည်း နေမာနဲ့မက်ဆီဘက်ကရပ်တည်ကာ အမ်ဘာပေကို ဝေဖန်ပြောကြားနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က