၄ နှစ်ကြာ ပွဲပယ်ခံရဖို့အတွက် တောင်းဆိုခံလိုက်ရပါပြီ။

တားမြစ်ဆေးသုံးစွဲတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့ ပေါ့ဂ်ဘာကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရာရှိရုံးက ၄ နှစ်ကြာ ပွဲပယ်ဖို့အတွက် တောင်းဆိုလိုက်ပါပြီ။ ဒါဟာ ပေါ့ဂ်ဘာအတွက်တော့ အပြင်းထန်ဆုံးပြစ်ဒဏ်ကို ချမှတ်ပေးဖို့အတွက် တောင်းဆိုလိုက်တာပါ။ ပေါ့ဂ်ဘာဟာ လက်ရှိမှာလည်း ဘောလုံးလောကနဲ့ ကင်းကွာနေဖို့ ဆိုင်းငံ့ထားခံထားရတာပါ။

တကယ်လို့သာ ၄ နှစ်အထိ သူ ပွဲပယ်ခံရမယ်ဆိုရင်တော့ သူ့ရဲ့ ကစားသမားဘ၀လည်း ပြီးဆုံးသွားပြီလို့ ပြောလို့ရပါပြီ။ အခု အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပေါ့ဂ်ဘာအနေနဲ့ ၄ နှစ်ပွဲပယ်ခံရရင် အသက် ၃၅ နှစ်အရွယ်မှသာ ပြန်ကစားနိုင်တော့မှာပါ။ ဒါဟာ ကစားသမားဘ၀အကောင်းဆုံးအချိန်တွေကို အလဟဿကုန်ဆုံးရတော့မှာလည်း ဖြစ်ပါတယ်။



နာမည်ကျော်ကွင်းလယ်လူတဦးအဖြစ်နဲ့ ရှိနေခဲ့ပေမယ့် ပေါ့ဂ်ဘာတယောက် အခုတော့ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အရည်အသွေးပြည့်၀သလောက် စိတ်ဓာတ်ပိုင်း အားနည်းခဲ့တဲ့ ပေါ့ဂ်ဘာဟာ သူရနိုင်ခဲ့သင့်တဲ့ အမြင့်ဆုံးအောင်မြင်မှုတွေအကုန်လုံးကို မရယူနိုင်ခဲ့ပါဘူး။

ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာက ကျေနပ်စရာဆိုပေမယ့် ကလပ်ကစားသမားဘ၀မှာ သူလုပ်ပြစရာတွေ အများကြီးရှိနေတာပါ။ အခုတော့ သူ့ ကစားသမားဘ၀က ပြီးဆုံးချိန်တန်လာခဲ့ပါပြီ။ ပေါ့ဂ်ဘာကို မနှစ်သက်တဲ့ ပရိသတ်တွေကတော့ ပြင်သစ်သားဟာ သူနဲ့ထိုက်တန်တဲ့အရာကို ရရှိခဲ့တာလို့ ဆိုနေသလို သဘောကျသူတွေကတော့ ပေါ့ဂ်ဘာအတွက် နှမျောတသဖြစ်နေကြပါတယ်။

Share

Loading Next Article...
က္က