ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်ကစားသမား ဗီနီရှပ်စ်ဂျူနီယာက သူ့ရဲ့ ကစားသမားဘဝကို လက်ရှိအသင်းမှာပဲ အဆုံးသတ်မှာ မဟုတ်တဲ့အကြောင်း၊ ဒါက အဖေဖြစ်သူနဲ့ ပေးထားတဲ့ကတိကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် ဗီနီရှပ်စ်ဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။
(၂၀၁၈) မှာ ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာခဲ့တဲ့ အဆိုပါ ဘရာဇီးသားက အသင်းအတွက် (၆၂)ဂိုးသွင်း၊ (၆၅)ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ သူနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား စာချုပ်သက်တမ်းကလည်း (၂၀၂၇) ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။
အနာဂတ်နဲ့ပတ်သက်လို့တော့ ဗီနီရှပ်စ်က သူ့အနေနဲ့ တစ်နေ့နေ့မှာ အသင်းဟောင်း ဖလာမင်ဂိုကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုပြီး အဖေနဲ့ ကတိပေးထားကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဗီနီရှပ်စ်ဟာ ဘရာဇီးကလပ် ဖလာမင်ဂိုရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ယောက်ပါ။
ဗီနီရှပ်စ်က “ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ရီးရဲလ်မက်ဒရစ်မှာပဲ နေနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဘဝအသင်းက ဖလာမင်ဂိုးပါ။ တစ်နေ့နေ့မှာ ကျွန်တော် ဖလာမင်ဂိုကို ပြန်မယ်လို့ အဖေ့ကို ကတိပေးထားပါတယ်။ ကျွန်တော် ဒီကတိကို တည်ဖို့ လိုအပ်ပါတယ်”
“စပိန်မှာ ကျွန်တော်ဖြတ်သန်းရတဲ့ဘဝကို ပျော်ရွှင်နေပြီး မိသားစုတွေလည်း အတူတူပါပဲ။ မက်ဒရစ်မြိုု့က ထူးခြားခမ်းနားတဲ့မြို့ဖြစ်ပြီး ကမ္ဘာပေါ်က လူတိုင်း ရီးရဲလ်မက်ဒရစ်အကြောင်း ပြောကြပါတယ်။ ကျွန်တော်က အိမ်မှာနေတတ်တဲ့သူဆိုပေမယ့် အပြင်မှာ လှုပ်ရှားမှုတွေ အများကြီး လုပ်ရတာကိုလည်း ကြိုက်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။