ကွန်တီရဲ့ ကစားသမားဘဝတည်းက ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် စပါးကို ကိုင်တွယ်လျက်ရှိတဲ့ နည်းပြကွန်တီက သူ့ရဲ့ ကစားသမားဘဝတုန်းက ယူနိုက်တက်တို့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့အကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါတယပါတား ထုတ်ဖော်ပြောကြားခ်ဝင်စားခပချက်တင်းတချက်ချင်းဆိုသလိုပ်။ အီတလီလူမျိုးနည်းပြ ကွန်တီဟာ ကစားသမားဘဝကနေမှ နည်းပြလောကထဲကို ရောက်ရှိလာခဲ့သူတယောက်ဖြစ်ပါတယ်။



 

ကွန်တီအနေနဲ့ ကစားသမားဘဝတလျှောက်လုံး ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးခြင်းမရှိပေမယ့် နည်းပြဘဝမှာတော့ အင်္ဂလန်က လန်ဒန်မြို့ခံနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ လက်ရှိ စပါးတို့ကို ကိုင်တွယ်ခဲ့ဖူးပြီဖြစ်ပါတယ်။ ကွန်တီဟာ ချဲလ်ဆီးကို နှစ်ရာသီကြာ ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိရာသီမှာတော့ နူနိုဆန်တိုလက်ထဲက စပါးကို ဆက်လက်ကိုင်တွယ်နေတာဖြစ်ပါတယ်။

 

ကစားသမားဘဝတုန်းက ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေအပေါ်မှာ ကွန်တီက “အတိတ်တချိန်တုန်းကတော့ ကျနော်လည်း ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့ပါတယ်။ အဲ့ဒီအတွေ့အကြုံကိုရအောင်လည်း ကျနော် ကြိုးစားခဲ့ပါတယ်။ နောက်ပြီး ဖာဂူဆန်ကလည်း ကျနော်ကစားတာကို သဘောကျတယ်ဆိုတာ သိခဲ့ပါတယ်”

 

“ယူနိုက်တက်က ကျနေ့ာ်ကို ခေါ်ယူချင်ခဲ့တယ်လို့လည်း ကျနော် သိခဲ့ပါတယ်။ ကျနော့်အေးဂျင့်က ကျနော့်ကို ဒီအကြောင်း တခါပြောပြခဲ့ဖူးပြီး သူတို့ တကယ်ကြိုးစားခဲ့သလား ဒါမှမဟုတ် အလိမ်အညာတွေလားဆိုတာတော့ သေချာမသိပါဘူး” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

 

ကွန်တီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်နဲ့ လမ်းခွဲခဲ့ပြီးနောက် ကာလတခုအကြာ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ ယူနိုက်တက်က ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ဖို့ သတင်းတွေထွက်လာချိန်မှာ ကွန်တီက ယူနိုက်တက်နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းတွေလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပါသေးတယ်။

 

ဒါပေမယ့် ယူနိုက်တက်နဲ့ကွန်တီ မကိုက်ညီဘူးဆိုတဲ့ အယူအဆတွေလည်းရှိခဲ့ပြီး ယူနိုက်တက်က ဆိုးလ်ရှားကို ရာထူးကမထုတ်ပယ်ခင်မှာပဲ စပါးက နူနိုဆန်တိုကို ရာထူးက ထုတ်ပယ်ပြီး အခုလိုမျိုးပဲ ကွန်တီကို နည်းပြအဖြစ် လက်ဦးမှုရယူ ခန့်အပ်လိုက်တာပဲဖြစ်ပါတယ်။ 

Share

က္က