ရော်နယ်ဒိုဟာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ အကြိုက်ဆုံး ဟင်းလျာတစ်ခုကို ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အခြားကစားသမားတွေအတွက် ကစားသမားဘဝ နေဝင်ချိန် အသက်အရွယ်ကို ရောက်လာသည့်တိုင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ အကောင်းဆုံး အနေအထားတစ်ခုမှာ ရှိနေခဲ့ပါတယ်။



ဒါ့အပြင် သူ့ရဲ့ ကွင်းပြင်ပ နေထိုင်ပုံ၊ အစားအသောက်၊ လေ့ကျင့်ခန်းတွေကလည်း အခြားသော ဘောလုံးသမားတွေအတွက်သာမက သာမန်လူတွေအတွက်ပါ တကယ်ကို လေးစားစရာဖြစ်ပြီး ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီပိုတွေမရှိအောင် လက်ရှိအချိန်အထိ ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ အခြား‌သော ကစားသမားတွေက ရော်နယ်ဒိုရဲ့ အသက်အရွယ်မှာ ခန္ဓာကိုယ် ပုံပျက်ပန်းပျက်ဖြစ်သွားတာမျိုး၊ ကစားသမားဘဝက အနားယူသွားတာမျိုး၊ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတာမျိုးဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့်‌ ရော်နယ်ဒိုကတော့ ဒီနေ့အချိန်အထိ အကောင်းဆုံး ခန္ဓာကိုယ် တည်ဆောက်မှုပုံစံမှာ ရှိနေပြီး ဥရောပမှာပါ ပြန်ကစားနိုင်တဲ့ အနေအထားမျိုးမှာရှိနေပါတယ်။ သူ့ရဲ့ အကြိုက်ဆုံး အစားအသောက်နဲ့ ပတ်သက်လို့ ရော်နယ်ဒိုက “ကျွန်တော့်အနေနဲ့ ဆားငံငါး၊ ကြက်သွန်နီ၊ ပါးပါးလှီးထားတဲ့ အာလူးကြော်နဲ့ ကြက်ဥကြော်တို့ ပါဝင်တဲ့ ပေါ်တူဂီ ဟင်းလျာတစ်မျိုးကို ပုံမှန် စားသုံးဖြစ်ပါတယ်”

“ခင်ဗျားအနေနဲ့ အမြဲတမ်း လေ့ကျင့်ခန်းဆင်းနေမယ်ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ခွန်အားကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးပြီး ဒါကပဲ ခင်ဗျားအတွက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မှာပါ။ တစ်ခါတလေကျရင် ကျွန်တော်က တစ်ရက်ကို နည်းနည်းစီနဲ့ (၆) ခါ စားသောက်ပါတယ်။ ဒါကပဲ ခင်ဗျားကို အမြင့်ဆုံး အဆင့်မှာ ရပ်တည်နိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေ ပေးနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း အီဗရာကလည်း ရော်နယ်ဒိုရဲ့ နေထိုင်စားသောက်မှုပုံစံကို သာမန်ကစားသမားတစ်ယောက်က မလိုက်နိုင်ကြောင်း ပြောကြားခဲ့ပြီး ရော်နယ်ဒိုက လေ့ကျင့်ခန်း အစီအစဥ်တွေကို အရမ်းအသားပေးလွန်းကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်နာဆာမှာ ကစားနေပြီး ခန္ဓာကိုယ်နဲ့ ကြံ့ခိုင်မှုအနေအထားအရ အကောင်းဆုံးပုံစံမှာ ရှိနေဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က