ကိုပါအမေရိကချန်ပီယံဆုအတွက် မက်ဆီကို ပရိသတ်တွေ ဂုဏ်ပြုခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလား ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင်တယောက်ဖြစ်ပြီး အဆိုပါဆုဖလားနဲ့အတူ အောင်ပွဲခံနေချိန်မှာ ပရိသတ်တွေက သူ့နာမည်ကို အော်ဟစ်အားပေးနေတဲ့ ဗီဒီယိုကို ပြန်ကြည့်ရင်း မျက်ရည်ဝဲခဲ့ရပါတယ်။



ပြီးခဲ့တဲ့ (၂၀၂၁) ကိုပါအမေရိကပြိုင်ပွဲမှာ မက်ဆီက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး (၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅) ကြိမ်ပြုလုပ်ကာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်လုပွဲမှာလည်း အာဂျင်တီးနားက ဒေသတွင်း ခါးသီးပြိုင်ဘက် ဘရာဇီးကို အနိုင်ရရှိခဲ့တာကြောင့် မက်ဆီအတွက် ကစားသမားဘဝ ပထမဆုံး လက်ရွေးစင်အသင်းအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဒီဆုဖလားကို အာဂျင်တီးနားမြေမှာလည်း ပရိသတ်တွေထံ မိတ်ဆက်ပေးခဲ့ပြီး အဲ့ဒီအချိန်မှာ ပရိသတ်တွေက မက်ဆီရဲ့နာမည်ကို အော်ဟစ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီဗီဒီယိုကို မက်ဆီက ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ကြည့်ရှုပြီးတဲ့နောက်မှာတော့ မျက်ရည်တွေဝဲနေခဲ့ပြီး “ဝိုး... ဒါက ကျနော့်ရဲ့ ကစားသမားဘဝတလျှောက်လုံးမှာ အလှပဆုံး အရာဖြစ်မယ်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပြုံးရယ်ဖို့ ကြိုးစားရင်းနဲ့ပဲ သူ့ရဲ့မျက်လုံးကို ပွတ်သပ်ရင်း မျက်ရည်မကျအောင် ထိန်းချုပ်ခဲ့ပါသေးတယ်။ အာဂျင်တီးနားရဲ့ မှတ်တမ်းရုပ်ရှင်တခုဖြစ်တဲ့ “Champions of America” ဇာတ်ကားမှာ အဆိုပါ ဇာတ်ဝင်ခန်းလည်း ပါဝင်လာမှာဖြစ်ပါတယ်။ မက်ဆီရဲ့ ဗီဒီယိုကို ကြည့်ရှုပြီးတဲ့နောက် ပရိသတ်တွေကပါ မက်ဆီနဲ့အတူ လိုက်ပါခံစားနေကြပါတယ်။

ပရိသတ်တွေက “ကိုယ့်လူရေ... ဒီဗီဒီယိုကိုပြန်ကြည့်ရင်း မျက်ရည်ဝဲနေရပြီ” “တကယ်လို့ ငါ့နိုင်ငံသာ ကမ္ဘာ့ဖလားမရရင်လည်း မက်ဆီအတွက် အာဂျင်တီးနားကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်စေချင်ပါတယ်” “မက်ဆီက ဘောလုံးအကြောင်းကို အခုလိုမျိုး ပြောတဲ့အချိန်မှာ ဘယ်သူကများ သူ့ကို မုန်းတီးနိုင်မှာလဲ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါသေးတယ်။ 

Share

Loading Next Article...
က္က