ကမ္ဘာ့ဖလားနွှဲဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ ဝါရင့်နောက်ခံလူကြီး ရာမို့စ်ဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ စပိန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ ယုံကြည်ချက်ရှိနေကြောင်း သိရှိရပါတယ်။ ရာမို့စ်ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။



ဒါပေမယ့် အသင်းသစ်နဲ့ ပထမဆုံး ဘောလုံးရာသီမှာ ရာမို့စ်တယောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်မှာလည်း တပွဲမှပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် အဆိုပါစပိန်လူမျိုးနောက်ခံလူကြီးရဲ့ ဒဏ်ရာပြဿနာက ကစားသမားဘဝကနေ အနားယူရတဲ့အထိ အခြေအနေဆိုးနိုင်တယ်လို့ သုံးသပ်ခဲ့ကြပြီး ပြင်သစ်ကလပ်နဲ့ စာချုပ်ဖျက်သိမ်းဖို့အထိပါ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုလက်ရှိဘောလုံးရာသီမှာတော့ ရာမို့စ်တယောက် တော်တော်လေးကြံ့ခိုင်မှုပြည့်ဝလာခဲ့ပြီဖြစ်ပြီး အသင်းတွင်း အဝတ်လဲခန်းကိုပါ ဦးဆောင်နိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲကိုလည်း ရာမို့စ်က ပါဝင်ကစားနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဗလာဟိုဗစ်၊ မီလစ်ခ်တို့လို တိုက်စစ်မှူးတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ဂဲလ်တီယာရဲ့ နောက်တန်းသုံးယောက် ခံစစ်တန်းမှာ ရာမို့စ်က အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ရာမို့စ်က စပိန်လက်ရွေးစင်အသင်းနဲ့အတူ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲနိုင်ဖို့ တော်တော်လေးမျှော်လင့်ချက်ရှိလာတယ်လို့ သိရှိရပါတယ်။ ကာတာကမ္ဘာ့ဖလားကို လာမယ့် နိုဝင်ဘာနှောင်းပိုင်းကနေ ဒီဇင်ဘာနှောင်းပိုင်းအထိ ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပြိုင်ပွဲစတင်ဖို့က (၂) လ ဝန်းကျင် လိုပါသေးတယ်။

အသက် (၃၆) နှစ်အရွယ် ရာမို့စ်အတွက် လာမယ့်ကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးသောနိုင်ငံတကာပြိုင်ပွဲကြီးဖြစ်လာဖို့ရှိပါတယ်။ ရာမို့စ်ဟာ (၂၀၀၂) ကစလို့ စပိန်ရဲ့သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းကြီးအတွက် ပွဲပေါင်း (၁၈၀) ပါဝင်ကစားပေးထားပါတယ်။ ဒါပေမယ့် ရာမို့စ်က ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကိုတော့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရပြီး လာမယ့်ကမ္ဘာ့ဖလားမှာ ပြန်လည်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က