အမှုအနေအထားကတော့ တော်တော်လေးကို ရှုပ်ထွေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မုဒိမ်းမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ ကစားသမားနဲ့ ပတ်သက်လို့ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတပုဒ် ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ မိခင်ကလပ်ဟာ ကစားသမားရဲ့ ယခင်က မုဒိမ်းမှုတွေအကြောင်း သိရှိခဲ့တာတောင်မှ မျက်ကွယ်ပြုပေးခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။



မြောက်လန်ဒန်က အသင်းတသင်းဖြစ်နိုင်တယ်လို့ ယူဆနေရတဲ့ အဆိုပါအသင်းဟာ ပြီးခဲ့တဲ့ (၂၀၂၁) အတွင်းမှာ သူတို့ရဲ့ ကစားသမား မုဒိမ်းမှုနှစ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရသည့်တိုင် အသင်းမှာပုံမှန်အတိုင်း ဆက်လက်ကစားခွင့်ပြုခဲ့တာပါ။ နောက်ဆုံးအနေနဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ဇွန်အတွင်း နွေရာသီအားလပ်ရက်ကာလမှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်ခဲ့ပြီး ဒီကိစ္စကြောင့် ပြီးခဲ့တဲ့ တနင်္လာမနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီအမှုအတွက် စစ်ဆေးတဲ့နေရာမှာ အသက် (၃၀) ဝန်းကျင်အရွယ် အဆိုပါ ကစားသမားက ပြီးခဲ့တဲ့ (၂၀၂၁) မှာလည်း မတူညီတဲ့ အခြားအမျိုးသမီးအပေါ်ကို မုဒိမ်းပြုကျင့်ခဲ့သေးတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဒီကစားသမားက အာမခံနဲ့ နေထိုင်နေရပြီး လာမယ့် သြဂုတ်အတွင်း အမှုကို စတင်ကြားနာမှာဖြစ်ပါတယ်။

အမှုအနေအထားကလည်း ရှုပ်ထွေးနေဆဲဖြစ်ပြီး (၂၀၂၁) မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုအတွက် နစ်နာသူက မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ထံ သြဂုတ်အတွင်း တိုင်ကြားထားပေမယ့် ဒီနှစ် မတ်အထိ တစုံတရာစစ်ဆေးမေးမြန်းခံရခြင်းမရှိဘူးလို့ သတင်းတွေကဆိုပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ ကလပ်အသင်းဘက်က ကစားသမားကို ဆက်လက်ကစားခွင့်ပေးထားတာမျိုးဖြစ်နိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ မန်ချက်စတာမြို့ခံကလပ် ယူနိုက်တက်နဲ့မန်စီးတီးတို့က ဂရင်းဝုဒ်နဲ့ မန်ဒီတို့ဟာ လက်ရှိအချိန်မှာ မုဒိမ်းမှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။ သက်ဆိုင်ရာကလပ်အသင်းတွေကလည်း ဒီကစားသမားနှစ်ယောက်လုံးကို အသင်းလူစာရင်းတွေကနေ ထုတ်ပယ်ထားကြပါတယ်။ 

Share

Loading Next Article...
က္က