အမ်တီတီက လစာလျှော့ယူပြီးစာချုပ်သစ်ချုပ်ခဲ့သလို ကော်တင်ဟိုကလည်း အငှားချခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကစားသမားသစ်ဖာရန်းတောရက်စ်ကို အသင်းကစားသမားအဖြစ်နဲ့ မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးကနေ ခေါ်ယူပြီးကတည်းက အသင်းအတွက် ကစားပေးရခြင်းမရှိသေးတဲ့ တောရက်စ်ဟာ စာချုပ်ချုပ်အပြီး ၂ ပတ်အကြာမှာ ကစားသမားအဖြစ် စာရင်းသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အခြားသောကစားသမားဖြစ်တဲ့ နောက်ခံလူအမ်တီတီကို ဘာစီလိုနာက စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ လစာငွေလျှော့ယူဖို့အတွက် ညှိနှိုင်းနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ကော်တင်ဟိုကို ဗီလာဆီအငှားချလိုက်တာကြောင့် အသင်းရဲ့လစာငွေစာရင်းမှာ ဖာရန်းတောရက်စ်အတွက် နေရာတနေရာစာရရှိသွားခဲ့ပြီး မနေ့က တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ 

ဖာရန်းတောရက်စ်အနေနဲ့ ဒီနေ့ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ ​ မျှော်လင့်ရပါတယ်။ သူဟာ ကိုဗစ်ကူးစက်ခြင်းလည်းခံခဲ့ရပြီး လက်ရှိမှာတော့ နဂ္ဂတစ်ရလဒ်ပြန်လည်ထွက်ပေါ်ခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ ဆော်ဒီကို လိုက်ပါနိုင်တော့မှာဖြစ်သလို ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးပွဲကိုပါ ကစားနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ 

"ဘာစီလိုနာအနေနဲ့ နောက်ခံလူအမ်တီတီကို ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်၊ ပြင်သစ်နောက်ခံလူက လစာငွေလျှော့ယူဖို့အတွက်လည်း သဘောတူညီခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ​၊ ဒီလိုချုပ်ဆိုနိုင်မှုနဲ့အတူ အသင်းရဲ့ဘဏ္ဍာရေးကဏ္ဍမှာလည်း FFP စည်းမျဉ်းမှာ တိုးမြှင့်နိုင်မှာဖြစ်လို့ ဖာရန်းတောရက်စ်ကို အသင်းကစားသမားအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်" လို့ စပိန်ကလပ်က ကြေညာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က