လိုင်ယွန်ကွင်းလယ်လူဂွီမာရေ့စ်ကို နယူးကာဆယ်က ခေါ်ယူသွားခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ သူတို့အသင်းကွင်းလယ်လူဘရူနိုဂွီမာရေ့စ်အတွက် နယူးကာဆယ်အသင်းရဲ့ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ အာဆင်နယ်က စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲက တဦးဖြစ်ပြီး ခေါ်ယူဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ တန်းဆင်းဇုန်တိုက်ပွဲနွှဲရတော့မယ့် နယူးကာဆယ်က လက်ဦးမှုရယူခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ်ကွင်းလယ်လူဟာ ဘရာဇီးကလပ်အက်သလက်တီကိုကနေ လိုင်ယွန်ကို ပြီးခဲ့တဲ့ ၂ နှစ်က ပြောင်းရွှေ့ခဲ့သူဖြစပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် အာဆင်နယ်က စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာ နယူးကာဆယ်က လိုင်ယွန်ငြင်းဆန်မရနိုင်တဲ့ ငွေကြေးပမာဏကို ပေးချေကာ ခေါ်ယူခဲ့ပြီး ဒီသတင်းက အာဆင်နယ်ပရိသတ်တွေကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။ 

အာဆင်နယ်ပရိသတ်တဦးက "ငါတို့အသင်းကတော့ စျေးကွက်ထဲမှာ အရှက်ကိုမရှိတော့ဘူး" လို့ တွစ်တာမှာရေးသားခဲ့ပြီး နောက်ထပ်တဦးကလည်း "ကစားသမားတိုင်းကို ငါတို့ကစိတ်ဝင်စားတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ ဘရူနို၊ လိုကာတယ်လီ၊ အိုင်ဆက်တယောက်မှ ရောက်မလာဘူး၊ ငါတို့အသင်းနာမည်ကို Interested FC လို့ နာမည်ပြောင်းသင့်နေပြီ" လို့ ရေးသားခဲ့ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။ 

ကွင်းလယ်ခံစစ်ပိုင်းမှာ ပြောင်မြောက်စွာကစားနိုင်တဲ့ ဂွီမာရေ့စ်ဟာ လိုင်ယွန်ကိုရောက်ရှိပြီးနောက် အဓိကစားသမားဖြစ်လာခဲ့ပြီး စုစုပေါင်း ၇၁ ပွဲအထိ ကစားပေးထားပြီးဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးမှာလည်း ပါဝင်ကစားခွင့်ရရှိနေပြီဖြစ်ကာ အက်ဒီဟိုဝီအတွက်တော့ ကစားသမားကောင်းတဦးကို အာဆင်နယ်ထက် လက်ဦးမှုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က