ဒီနေ့မှာပဲ ယာယီနည်းပြအဖြစ် အတည်ပြုကြေညာခဲ့ပြီဖြစ်ပါတယ်။

ဇွန်လအထိ ယာယီနည်းပြအဖြစ်တာဝန်ယူသွားမှာဖြစ်ကာ အဲဒီနောက်မှာ အသင်းရဲ့ အကြံပေးအဖြစ်နဲ့ ၂ နှစ်အထိ စာချုပ်ချုပ်မယ့် သဘောတူညီချက်နဲ့ ရန်းဂ်နစ်ခ်က ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်တဲ့ ရန်းဂ်နစ်က သူ့အနေနဲ့ အရမ်းစိတ်လှုပ်ရှားမိကာ အသင်းကို အောင်မြင်မှုတွေရရှိအောင် ပြုလုပ်ပေးသွားဖို့ အာရုံစိုက်ထားကြောင်းပြောဆိုလိုက်ပါတယ်။ ဇွန်လအထိ ယာယီနည်းပြအဖြစ်တာဝန်ယူသွားမှာဖြစ်ကာ အဲဒီနောက်မှာ အသင်းရဲ့ အကြံပေးအဖြစ်နဲ့ ၂ နှစ်အထိ စာချုပ်ချုပ်မယ့် သဘောတူညီချက်နဲ့ ရန်းဂ်နစ်ခ်က ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်က ကိုင်တွယ်နေပြီး ၂ပွဲရှုံးပွဲမရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ကြာသပတေးနေ့မှာ ကစားရမယ့် အာဆင်နယ်နဲ့ အိမ်ကွင်းပွဲစဉ်ကိုလည်း ကာရစ်ပဲ ကိုင်တွယ်သွားမယ်လို့သိရပြီး ရန်းဂ်နစ်ခ်ကတော့ စာရွက်စာတမ်းကိစ္စတွေမပြီးပြတ်သေးဘူးလို့ Sky Sports က ဆိုပါတယ်။

ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေတဆင့် ရန်းဂ်နစ်ခ်က ပထမဆုံးအင်တာဗျူးပြုလုပ်ခဲ့ရာမှာ "ယူနိုက်တက်ကို ပြောင်းရွှေ့လာတဲ့အပေါ် အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ အသင်းကို အောင်မြင်တဲ့ရာသီတခုဖြစ်လာအောင် ပြုလုပ်ပေးဖို့လည်း အာရုံစိုက်ထားပါတယ်၊ အသင်းလူစာရင်းက အရည်အသွေးနဲ့ ပြည့်၀နေပြီး လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေကြောင့် ဟန်ချက်ညီနေပါတယ်"

"လာမယ့် ၆ လတာအတွက် ကျွန်တော့်ရဲ့ ကြိုးပမ်းမှုအားလုံးက ဒီကစားသမားတွေကို တဦးချင်းရော၊ အရေးအကြီးဆုံးက အသင်းတသင်းအနေနဲ့ သူတို့ရဲ့အလားအလာတွေကို ဖြည့်ဆည်းပေးနိုင်အောင် ကူညီပေးသွားဖို့ပါ၊ အဲဒါအပြင် ကလပ်ရဲ့ ရေရှည်ရည်မှန်းချက်တွေကို အကြံပေးမှုတွေနဲ့ ပံ့ပိုးပေးဖို့ပါမျှော်လင့်ထားပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။

ရန်းဂ်နစ်ခ်ဟာ ယူနိုက်တက်ကို သူ့ရဲ့ဝန်ထမ်းအနည်းငယ်ပါ ခေါ်ယူလာမယ်လို့သိရပြီး ဆိုးလ်ရှားလက်ထက်မှာကျန်ရစ်ခဲ့တဲ့ အစုအဖွဲ့နဲ့ ပေါင်းစည်းသွားမှာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ ယာဂင်ကလော့ပ်၊ တူချယ်လ်၊ နာဂယ်စမန်းတို့ရဲ့ ဆရာလို့လည်း သတ်မှတ်ခံထားရပြီး အရည်အချင်းရှိသူတစ်ဦးလို့လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က