ရောက်ရောက်ချင်း အကြီးစားဒဏ်ရာရရှိခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူ ယိုရိုဟာ ခြေဖမိုးရိုးကျိုးဒဏ်ရာကြောင့် (၃) လခန့် အနားယူရတော့မယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။



သူ့အတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရို (၆၂) သန်းအထိ အသုံးပြုခဲ့ရပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့နဲ့အပြိုင် ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ယိုရိုကလည်း ယူနိုက်တက်ကို ရောက်တာနဲ့ ချက်ချင်း ဝင်ကစားခဲ့ပြီး ရိန်းဂျားစ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် အာဆင်နယ်နဲ့ပွဲမှာတော့ ယိုရိုတစ်ယောက် ပထမပိုင်းကတည်းက ဒဏ်ရာရရှိသွားခဲ့ပြီး လူစားလဲခံလိုက်ရတာပါ။ အဲ့ဒီပွဲမှာ ယိုရိုနဲ့အတူ ဟွိုက်လန်းလည်း ဒဏ်ရာရရှိခဲ့ပြီး ဟွိုက်လန်းရဲ့ ဒဏ်ရာကတော့ အသေးစား​ဒဏ်ရာပြဿနာသာဖြစ်ခဲ့ပါတယ်။

ယိုရိုကတော့ (၃) လအထိ အနားယူရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ရာသီအဖွင့်ပွဲစဉ်တွေကိုပါ လွဲချော်သွားတော့မှာပါ။ အာဆင်နယ်နဲ့ပွဲမှာ ယိုရိုတစ်ယောက် ကြံ့ခိုင်မှုမပြည့်ဘဲ ပါဝင်ကစားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။

Share

Loading Next Article...
က္က