ယိုရိုရဲ့အင်တာဗျူးအပေါ် မှတ်ချက်ပေးနေကြတာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ အသင်းရဲ့ နောက်ခံလူသစ် ယိုရိုရဲ့ ပြောစကားတွေနဲ့ ပတ်သက်လို့ နောက်ပြောင်ပြောကြားနေကြပါတယ်။ ယိုရိုဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။



ဒီကစားသမားအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရို (၆၂) သန်း ပေးချေခဲ့ရပြီး အပိုဆုကြေးတွေလည်း ပါဝင်ဦးမှာပါ။ ဒီမတိုင်ခင်မှာ အဆိုပါ လိုင်လီနောက်ခံလူဟောင်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက်သာ စိတ်အားထက်သန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ကို ရောက်လာချိန်မှာတော့ ယိုရိုရဲ့ စကားလုံးတွေက ပြောင်းလဲသွားခဲ့ပါတယ်။​ယူနိုက်တက်ကစားသမားဘဝ အင်တာဗျူးမှာ ယိုရိုက “ယူနိုက်တက်တို့ အက်ဖ်အေဖလား ရသွားတာကို မြင်ရချိန်မှာ ကျနော် ယူနိုက်တက်မှာ တကယ်ကစားချင်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက “ယိုရိုကတော့ ငါတို့ကို လာရွှီးနေပြီဟေ့။ ဒါပေမယ့်လည်း ယုံပေးရမှာပေါ့ကွာ” “ဒီအင်တာဗျူးမှာ ယိုရိုလိမ်နေတယ်လို့ ခံစားမိကြလား” “ယိုရိုက ခံစစ်ကစားတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ငါတို့ကို လှည့်စားတာလည်း ထူးချွန်တယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုပြောကြားခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က