Football Manager ဂိမ်းနဲ့ ပတ်သက်လို့ ရွန်းနီက ဖွင့်ဟခဲ့တာပါ။

ဒီစီယူနိုက်တက်နည်းပြ ရွန်းနီက ကစားသမားသစ်တွေကို ရှာဖွေဖို့အတွက် မော်ရင်ဟိုလိုမျိုး Football Manager ဂိမ်းကို ကစားတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဘောလုံးဂိမ်းတွေနဲ့ ပတ်သက်လာရင် Football Manager ဂိမ်းကလည်း နာမည်ကျော်ဂိမ်းတစ်ခုဖြစ်ပြီး ဘောလုံးပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရွန်းနီက “တောင်အမေရိကမှာ ဘောလုံးသမားစျေးကွက်က အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း Football Manager ဂိမ်းကို ကစားပြီး အဲ့ဒီဂိမ်းကနေ ကင်းထောက် (၁၁) ယောက်၊ (၁၂) ယောက်လောက်ကို အသုံးပြုပါတယ်။ သူတို့က ကမ္ဘာအနှံ့ မတူညီတဲ့နေရာတွေကပါ။ မော်ရင်ဟိုဆိုလည်း အရင်တုန်းက ဒီလိုမျိုး Football Manager ဂိမ်းနဲ့ ကစားသမားတွေကို ကင်းထောက်ခဲ့ဖူးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာလည်း Football Manager ဂိမ်းကစားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကလည်း မော်ရင်ဟို ဒီလိုမျိုးနည်းလမ်းနဲ့ ကစားသမားသစ်တွေ ရှာဖွေခဲ့တယ်ဆိုတဲ့အပေါ် အံ့အားသင့်ခဲ့ကြပါတယ်။ ရွန်းနီကလည်း လက်ရှိအချိန်မှာ တောင်အမေရိကရဲ့ အရည်အသွေးမြင့် ကြယ်ပွင့်တွေကို ရှာဖွေနိုင်ဖို့ Football Manager ဂိမ်းကို ကစားနေတာပါ။

အသက် (၃၇) နှစ်အရွယ် ရွန်းနီဟာ ယူနိုက်တက်ကစားသမားဘဝမှာတုန်းက မော်ရင်ဟိုနဲ့ နည်းပြ-ကစားသမား ဆက်ဆံရေးရှိခဲ့ဖူးပါတယ်။ ရွန်းနီဟာ ဒီစီယူနိုက်တက်နည်းပြအဖြစ် အသင်းနဲ့ကိုက်ညီတဲ့ လူငယ်ကြယ်ပွင့်တွေ၊ အရည်အသွေးရှိကစားသမားတွေကိုသာ ရှာဖွေ‌ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ Football Manager ဂိမ်းကို ဘယ်လိုမျိုးအသုံးချနေတယ်ဆိုတာကိုပါ ဖွင့်ဟသွားခဲ့တာပါ။

Share

က္က