ပရိသတ်တွေက ဘာစီလိုနာကို လှောင်ပြောင်နေကြတာပါ။

ဒီကနေ့ မနက်အစောပိုင်းက ဘာစီလိုနာရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ တင်ထားတဲ့ ဓာတ်ပုံတပုံကတော့ ပရိသတ်တွေကြားမှာ တော်တော်လေးကို ပြောစရာဖြစ်လို့နေခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ ကစားသမားသစ် ခရစ္စတန်ဆန်ရဲ့ ဓာတ်ပုံက တော်တော်လေး အရည်အသွေးနိမ့်ပါးနေတာကြောင့်ပါ။



ဘာစီလိုနာဟာ လက်ရှိနွေရာသီစျေးကွက်မှာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်နဲ့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်အတွက် သဘောတူညီမှုရထားတာကြာပြီဆိုပေမယ့် ဒီရက်ပိုင်းကမှ တရားဝင်ကစားသမားအဖြစ် ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ခရစ္စတန်ဆန်ရဲ့ဓာတ်ပုံကို ရိုက်ကူးတဲ့နေရာမှာ အမှားအယွင်းရှိခဲ့ပုံရပြီး ပုံထွက်လာတဲ့အချိန်မှာ တော်တော်လေး ဝါးနေခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ ဆိုရှယ်မီဒီယာကို တာဝန်ယူထားသူတွေကလည်း ဒီပုံအတိုင်း တင်ထားခဲ့ပြီး ပရိသတ်တွေကတော့ ဘာစီလိုနာကို လှောင်ပြောင်လျက်ရှိပါတယ်။ ဘာစီလိုနာပရိသတ်တွေအပြင် အခြားသော ပရိသတ်တွေက ဘာစီလိုနာရဲ့ ဒီဝါးတားတားဓာတ်ပုံအတွက် ဥပမာမျိုးစုံပေးပြီး လှောင်ပြောင်နေကြပါတယ်။

ဒါ့အပြင် “မက်ဂွိုင်းရားလိုအရည်အသွေးမျိုးနဲ့ ခရစ္စတန်ဆန်ရဲ့ဓာတ်ပုံထွက်လာတာပဲ” “ဒီပုံက (၂၀၁၁) က ရိုက်ထားတာပါ။ အခု HD မြှင့်လိုက်တာ” “အမ်တီတီ၊ လန်းဂ်လတ်နဲ့ ဆာဂျီရော်ဘတ်တို သုံးယောက်ပေါင်းထက် ဒီပုံကပိုပြီးအရည်အချင်းရှိပါသေးတယ်” အစရှိသဖြင့် အမျိုးမျိုးဝေဖန်လှောင်ပြောင်နေကြပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ အကြွေး ယူရိုသန်း (၅၀၀) ဝန်းကျင်ရှိနေပါတယ်။

အသင်းရဲ့ရုပ်သံမူပိုင်ခွင့်၊ စီးပွားရေးဆိုင်ရာမူပိုင်ခွင့်အချို့ကို ရောင်းချထားပေမယ့် အသင်းအနေနဲ့ လက်ရှိအချိန်ထိ ဘဏ္ဍာရေးပြဿနာနဲ့ ရင်ဆိုင်နေရဆဲပါ။ ဘိုင်ယန်မြူးနစ်ကလည်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကို မယုံကြည်တာကြောင့် ပြောင်းရွှေ့ကြေးအရစ်ကျပေးချေတဲ့ အစီအစဥ်ကို လက်ခံသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က