လီဗာပူးနဲ့ အင်္ဂလန်ကစားသမားဟောင်း ကာရေဂါကတော့ ဆောက်ဂိတ်ရဲ့ အင်္ဂလန် အပြီးသတ်လူစာရင်းနဲ့ပတ်သက်လို့ စတင် ဝေဖန်လာခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ယူရို - ၂၀၂၄ အတွက် အပြီးသတ် ကစားသမားစာရင်းကို မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလူစာရင်းမှာ မက်ဂွိုင်းရား၊ ဂရီလစ်ရှ်၊ မက်ဒီဆန်၊ ဘရန့်ဝိတ်၊ ထရက်ရှ်ဖို့ဒ်၊ ကာတစ်ဂျုံးစ်တို့ ပြုတ်ကျန်ခဲ့ပါတယ်။ မိုင်နူး၊ အီဇီ၊ ဝါတန်တို့တော့ အပြီးသတ် လူစာရင်းမှာ ပါဝင်သွားခဲ့ပြီး ဘရန့်ဝိတ် ပြုတ်ကျန်ခဲ့တဲ့အပေါ် ကာရေဂါကလည်း ဝေဖန်လာခဲ့တာပါ။
ဘရန့်ဝိတ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလိုမျိုး ယူရိုဆန်ခါတင် ကစားသမားစာရင်းမှာ ပါဝင်ခဲ့တာပါ။ ဒါ့အပြင် ဥရောပထိပ်တန်းအသင်းကြီးတွေကလည်း ဘရန့်ဝိတ်ကို စောင့်ကြည့်နေကြပါတယ်။
ကာရေဂါကလည်း “အင်္ဂလန်လူစာရင်းမှာ ဘရန့်ဝိတ်ထက် နာမည်ပိုကြီးတဲ့ ကစားသမားတွေတောင် ပြုတ်ကျန်ခဲ့တာပါ။ ဒါပေမယ့် ယူရို-၂၀၂၄ အတွက်တော့ သူ့ကို ခေါ်သွားဖို့ သင့်ပါတယ်။ သူက အင်္ဂလန်ရဲ့ လက်ရှိနဲ့ အနာဂတ်အတွက် ကစားသမားကောင်းတစ်ယောက်ပါ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဘရန့်ဝိတ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅) ပွဲအထိ ပါဝင်ကစားပေးခဲ့သူပါ။ ဒါ့အပြင် သူ့ရဲ့ ခြေစွမ်းတွေကြောင့်လည်း ဒီကစားသမားက အဲဗာတန်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါသေးတယ်။