ပင်နယ်တီအတွက် အပြစ်ရှိတဲ့ ကစားသမား ၂ ဦးကို ပြောပြခဲ့တာပါ။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က စနေနေ့ညနေက ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းရရှိသွားတဲ့ ပင်နယ်တီအတွက် ဂျော်ဂျင်ညိုနဲ့ မန်ဒီတို့ ၂ ဦးစလုံးမှာ အပြစ်ရှိတယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ အခွင့်အရေးကို လွှင့်ပစ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရပြီဖြစ်ပြီး သီယေဂို ဆေးလ်ဗားက ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းအတွက် လန်ဇီနီက ပင်နယ်တီပြစ်ဒဏ်ဘောကနေ ချေပဂိုး ပြန်လည်သွင်းယူပေးသွားခဲ့ပြီး ပထမပိုင်းမပြီးဆုံးခင်မှာ မေဆန် မောင့်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့် ဒုတိယပိုင်းမှာ ဘိုဝင်နဲ့ မာဆူအာကူတို့က ဝက်စ်ဟမ်းအသင်း ၃-၂ နဲ့ အနိုင်ရရှိအောင် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့ကြတာဖြစ်ပြီး ပထမပိုင်းတုန်းက ချဲလ်ဆီးအသင်းပေးခဲ့ရတဲ့ ပင်နယ်တီမှာ ဂျော်ဂျင်ညိုက ဘိုဝင်ရဲ့ဖိအားပေးခံထားရတဲ့ မန်ဒီဆီ ဘောလုံးပြန်ပေးခဲ့ရာကနေ ဝက်စ်ဟမ်းတိုက်စစ်မှူးကို တားဆီးဖို့ ကြိုးပမ်းရင်း ပြစ်ဒဏ်ကျူးလွန်မိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ၎င်းရဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်း တစ်ဦးချင်းအမှားတွေ အမှားကြီး ကျူးလွန်ခဲ့ကြတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဆိုးရွားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့တော့ မထင်ပါဘူး။ အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုစွမ်းဆောင်ရည်နဲ့ အနိုင်ရနိုင်ပါတယ်။ ဒီနေရာမှာ ကစားဖို့က ခက်ခဲပြီး ကျွန်တော်တို့ တစ်ဦးချင်းအမှားတွေ အများကြီးလုပ်ခဲ့တယ်။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်၊ ဝက်ဖို့ဒ်တို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တုန်းကလည်း လုပ်ခဲ့ပြီး အဲဒီအတွက် ဒဏ်ခတ်ခံခဲ့ရပါတယ်။ ခင်ဗျား ဒီလိုအဆင့်အတန်းမျိုးမှာ ရလဒ်ကောင်းရချင်ရင် ခင်ဗျားအနေနဲ့ အမှားတွေ အနည်းဆုံးဖြစ်ရပါမယ်။ ကျွန်တော်တို့ ပြီးသွားတာတွေ ပြောနေလို့လည်း ဘာမှ အကျိုးမရှိတော့တာ သိသာပါတယ်"

ဝက်စ်ဟမ်းအသင်းရဲ့ ပင်နယ်တီ ရရှိသွားမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ တူဟယ်က "အားလုံး ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဘောလုံးပေးပို့မှုကလည်း ဒီဘောလုံးကို နောက်ပြန်ပေးဖို့ဆိုတာက အကောင်းဆုံး ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ တစ်စုံတယောက်ရဲ့ သက်ဆိုင်ရာအနေအထားကို ဆုံးဖြတ်ခြင်းကလည်း အကောင်းဆုံးမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ အဲဒါကို အဖက်ဆယ်နိုင်ပါတယ်။ ဒီအခိုက်အတန့်မှာ မန်ဒီဆီက ဆုံးဖြတ်ချက် ချမှတ်မှုကလည်း အကောင်းဆုံးမဟုတ်ခဲ့ဘဲ ပြီးတော့ ရုတ်တရက်ပဲ ခင်ဗျား ပင်နယ်တီပေးလိုက်ရတယ်"

"ခင်ဗျားက ဒုတိယဂိုးသွင်းထားပြီး ပထမပိုင်းမှာ ဦးဆောင်နေတယ်။ ကျွန်တော်တို့ အခွင့်အရေး အများကြီးဖန်တီးနိုင်ခဲ့တယ်။ ပင်နယ်တီဧရိယာထဲမှာ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ တခါတလေမှာတော့ ခင်ဗျား လူထိပြီး လမ်းကြောင်းပြောင်းသွားတဲ့ ကန်ချက်မျိုး ဒါမှမဟုတ် ကိုယ့်ခြေထဲ ဘောလုံး ရောက်လာတဲ့အခါ နည်းနည်း ကံကောင်းဖို့ လိုပါတယ်။ အဲဒါက ကျွန်တော်တို့ဆီမှာ မရှိခဲ့တဲ့အရာပါ။ ဝက်စ်ဟမ်းရဲ့ဒုတိယဂိုးက ခင်ဗျား ခွင့်ပြုရနိုင်တဲ့ဂိုးလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် တတိယဂိုးကတော့ ထူးဆန်းတဲ့ဂိုးဖြစ်ပြီး ယေဘုယျအားဖြင့် ပထမပိုင်းက ကြီးမားတဲ့ အခွင့်အရေး ၂ ကြိမ်လိုမျိုးက လုံးဝကို တစ်ဦးချင်းအမှားတွေပါပဲ"

"ကျွန်တော်တို့ ရှင်းလင်းတဲ့ အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ခဲ့ဘဲ ပိုပြီး အညှာအတာကင်းမဲ့ဖို့ လိုပါတယ်။ သီယေဂိုက ဘောလုံးကို စည်းပေါ်ကနေ ရှင်းထုတ်တဲ့အခါမျိုးလို အခြေအနေအချို့မှာ ခံစစ်ပိုင်းမှာလည်း ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့သွင်းဂိုးအပြီးမှာ ဆိုးရွားတဲ့ နောက်ပြန်ပေးမှုကနေ ပြိုင်ဘက်ခြေထဲကို ဘောလုံးပေးမိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့ ဒီလိုအဆင့်မျိုးမှာ ဒီလိုအမှားတွေ လုပ်လို့မရပါဘူး။ ဒါက ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ သင်းအဆင့်ပါ။ ခုက အမှားတွေ အရမ်းများနေပါတယ်။ အမှားတွေလုပ်ပြီး ရလဒ်ကောင်းကို မျှော်လင့်ဖို့က မဖြစ်နိုင်ပါဘူး"လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Share

က္က