အီစတာပွဲတော်အတွက် အားလပ်ချိန်ပိုပေးပြီး မိသားစုတွေနဲ့ အချိန်ကုန်စေခဲ့ပါတယ်။

တန်းမဆင်းရရေးအတွက် အရေးပါတဲ့အဆုံးအဖြတ်ပွဲတွေကို ကစားရတော့မယ့်အချိန်မှာ ဒါဘီနည်းပြဝိန်းရွန်နီဟာ အသင်းသားတွေကို မိသားစုနဲ့အတူနေထိုင်စေပြိး အချိန်ပိုမိုကုန်ဆုံးစေခဲ့တယ်လို့ သိရပါတယ်။ အီစတာပွဲတော်အတွင်း ကစားသမားတွေကို မိသားစုနဲ့ နီးနီးကပ်ကပ်ပိုမိုရှိနေစေခဲ့ကာ စိတ်ပိုင်းဆိုင်ရာအရ ခွန်အားဖြစ်စေဖို့လည်းဖြစ်ပါတယ်။ 

ဒါဘီဟာ ကျူပီအာနဲ့ကစားရဖို့ရှိနေပြီး အဆိုပါပွဲမတိုင်ခင်မှာ အသင်းသားတွေကို စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ ယုံကြည်ရပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဖူလ်ဟမ်ကို အံ့အားသင့်ဖွယ်ရာအနိုင်ယူပြီး တန်းမဆင်းရရေးတိုက်ပွဲဝင်နေမှုကို အသက်ဆက်နိုင်ခဲ့လို့လည်း ပရိသတ်တွေအားလုံးက ဒါဘီရဲ့ စွမ်းဆောင်ရည်အပေါ် အံ့အားသင့်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း သူတို့ဟာ လက်ကျန်လေးပွဲအလိုမှာ တန်းဆင်းဇုန်အထက်က ရီးဒင်းနဲ့ ၉ မှတ်ကွာဟနေလို့ တန်းမဆင်းရဖို့က မဖြစ်နိုင်တဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ ကျူပီအာနဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ဘူးဆိုရင် ဒါဘီဟာ လက်ကျန်ပွဲတွေအားလုံးမပြီးခင်မှာပဲ တန်းဆင်းရမယ့်အသင်းအဖြစ် ဖြစ်လာနိုင်ပြီး ရေကုန်ရေခမ်းတိုက်ပွဲဝင်နိုင်ဖို့ကို ရွန်နီက အလိုရှိနေပါတယ်။ 

"ကျနော်တို့ ဆက်ရှိနေစေချင်ရင် အဝေးကွင်းပုံစံကို ပြောင်းလဲရပါလိမ့်မယ်၊ ကစားသမားတွေကို မိသားစု၊ကလေးတွေနဲ့အတူနေဖို့ အချိန်ပိုပေးထားပြီးတော့ ပုံမှန်ထက်လေ့ကျင့်မှုနည်းနည်းပဲလုပ်ခဲ့ပါတယ်၊ ပြီးရင်တော့ ကျနော်တို့ ခက်ခဲတဲ့ပွဲတပွဲအတွက် ခရီးထွက်ပါမယ်၊ ကျနော်တို့အနိုင်ရဖို့လိုအပ်နေပြီး အဝေးကွင်းမှာ ၃ မှတ်ထက် လျော့နည်းတဲ့ ဘယ်အရာကိုမှ ရယူလို့မဖြစ်ပါဘူး" လို့ ရွန်နီက ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က