ဖီဖာဟာ ဘာစီလိုနာကို အလားတူပြစ်ဒဏ်ကနေ ရွှေ့ဆိုင်းပေးခဲ့ဖူးပါတယ်။

ဖီဖာရဲ့အပြောင်းအရွှေ့စည်းမျဉ်းကို ဖောက်ဖျက်ခဲ့လို့ ဖီဖာရဲ့ကစားသမားခေါ်ယူခွင့်တစ်ရာသီအပိတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ ပြစ်ဒဏ်အတွက် အယူခံဝင်ဖို့ကြိုးပမ်းနေတယ်လို့ Daily Mirror ကဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိနည်းပြ ဆာရီနေရာကိအစားထိုးဖို့အတွက် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကိုခေါ်ယူဖို့လှုပ်ရှားနေပါတယ်။ ချယ်လ်ဆီးဟာ ဇီဒန်းကိုအပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၂၀၀ ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ကမ်းလှမ်းဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမယ့် အတားအဆီး တစ်ခုကတော့ လာမယ့်နှစ်ဘောလုံးရာသီတစ်ရာသီလုံး ကစားသမားခေါ်ယူခွင့်အပိတ်ခံထားရတဲ့ ပြစ်ဒဏ်ကျခံနေရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးဟာ ဖီဖာကို အယူခံဝင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ Daily Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဖီဖာအနေနဲ့ ချယ်လ်ဆီးနဲ့ပုံစံတူပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကို အသင်းတွေရဲ့ဖြစ်ရပ်မျိုးနဲ့နှိုင်းယှဉ်ပြီးပြစ်ဒဏ်ကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို အယူခံဝင်မှာပါ။ ဖီဖာဟာ ဘာစီလိုနာအသင်းကို အလားတူပြစ်ဒဏ်ချမှတ်ခဲ့စဉ်က ပြစ်ဒဏ်ကိုရွှေ့ဆိုင်းပေးခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်၊ ရာကီတစ်အစရှိတဲ့ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ဖူးပါတယ်။ ချယ်လ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားခေါ်ယူနိုင်ခွင့်အတွက် ဖီဖာကို အယူခံဝင်မှာဖြစ်ပြီး ကစားသမားခေါ်ယူခွင့်ရမယ်ဆိုရင် ပေါင်သန်း၂၀၀သုံးစွဲခွင့်နဲ့ ဇီဒန်းကို စွဲဆောင်သွားမှာဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ လူငယ်ကစားသမား ၂၉ဦးရဲ့အပြောင်းအရွှေ့မှာ ဖီဖာရဲ့အပြောင်းအရွှေ့စည်းမျဉ်းအပိုဒ် ၁၉ကို ချိုးဖောက်ခဲ့တာမို့ အပြောင်းအရွှေ့ဈေးကွက်နှစ်ခုအပိတ်ခံထားရတာဖြစ်ပါတယ်။ ပြစ်ဒဏ်အတွက် ချယ်လ်ဆီးဟာ ဖီဖာရဲ့ဒဏ်ကြေး ပေါင် ၄၆၀၃၁၄ ချမှတ်ခြင်းခံထားရသလို အက်ဖ်အေကလည်း ဒဏ်ငွေ ပေါင် ၃၉၀၀၀၀ ချမှတ်ခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ လာမယ့်ရာသီမှာ အဓိက,ကစားသမား ဟာဇက်ကို အသင်းမှာဆက်ရှိဖို့အတွက် ကြိုးပမ်းနေရပြီး အယူခံမအောင်မြင်ခဲ့ရင် အငှားနဲ့ခေါ်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ကိုလည်း အပြီးသတ်ခေါ်ယူနိုင်တော့မှာမဟုတ်ပါဘူး။

Share

Loading Next Article...
က္က