ချန်ပီယံလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒီနေ့ည ဗလန်စီယာ နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား (၄)ဦးအထိ လွဲချော်သွားမှာ ဖြစ်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက လွဲချော်မယ့် ကစားသမားတွေကို ပြောဆိုအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Photo : Goal.com

 

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အက်ရှ်လေယန်းဟာ အဆိုပါပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကွင်းလယ်လူ ဟာရဲရား၊ လင်ဂတ် နဲ့ ရိုဟိုတို့ဟာလည်း ဒဏ်ရာပြသနာတွေနဲ့ အသီးသီး ရင်ဆိုင်နေရတာမို့ ဗလန်စီယာနဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

Photo : AS

 

ဒါကြောင့် ညာနောက်ခံလူ နေရာမှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဗလန်စီယာ နဲ့ လူငယ်ကစားသမား ဒါလော့တို့ကို မော်ရင်ဟိုက ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အခြားသော ဆက်စပ်သတင်းများအရ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအတွက် မော်ရင်ဟိုက တစ်ဦးတစ်ယောက်တည်းကို အပြစ်မတင်သွားပဲ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

Photo : Sportsbet.io

 

မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက ရှုံးပွဲအတွက် ကစားသမားအားလုံးမှာ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်က ပြောကြားခဲ့ပါတယ်။ လုခ်ရှောရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီးတော့ မော်ရင်ဟိုက အခုလို ပြန်လည်ပြောကြားခဲ့ပါတယ်။

"စီးရီးအေမှာ ရော်နယ်ဒို နည်းနည်းတော့ ပင်ပန်းလိမ့်မယ်" - ကာဖူး 

"လုခ်ရှော ဥပမာအနေနဲ့ ပြောခဲ့တာကို ကျွန်တော် သဘောတူညီပါတယ်၊ ဒါပေမယ့် အားလုံးကိုတော့ ကျွန်တော် သဘောမတူပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း အသင်းရဲ့ တစ်စိတ်တစ်ပိုင်းမို့လို့ပါ၊ သူက ကွင်းအတွင်းမှာ ကစားနေတဲ့ ကစားသမားတွေမှာ တာဝန်ရှိပြီး ပိုပြီးတော့ စွမ်းဆောင်ပြရမယ်လို့ ပြောခဲ့ပါတယ်၊ သဘောတရားအရ ကျွန်တော် လက်ခံပါတယ်၊ ဒါပေမယ့် အလုံးစုံတော့ မဟုတ်ဘူး"

Photo : ESPN

"အားလုံး တာဝန်ယူရမှာပါ၊ အသင်းမှာ ရှိတဲ့ သူတိုင်းက သူ့နေရာနဲ့သူ ပါဝင်ကစားပေးနေတာပါပဲ၊ ဒါကြောင့် ရှုံးပွဲကြုံလာတဲ့အခါမှာ တစ်ဦးတစ်ဦးချင်းစီက သူတို့ရဲ့ တာဝန်ယူကို ယူရမှာပါပဲ" လို့ မော်ရင်ဟိုက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က