ထောင့်ကန်ဘောကန်တင်ဖို့ ကြိုးစားစဉ်မှာ လူမျိုးရေး ခွဲခြားခံခဲ့ရတာပါ။

ဆာလာက မွတ်စလင်မ်လူမျိုး ဘောလုံးသမားတစ်ဦးဖြစ်ပြီး လူမျိုးရေးကို ထိပါးပြီး စော်ကားတဲ့ အသုံးအနှုန်းတွေ ကုံးနှုန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ လီဗာပူးအသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းပရိသတ်တစ်ဦးက လီဗာပူးမှ အီဂျစ်တိုက်စစ်မှူးကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ ပြုမူခဲ့တဲ့ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဝက်စ်ဟမ်းက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ BBC SPORT သတင်း ဌာနက ဖော်ပြပါတယ်။

မိုဟာမက်ဆာလာ ထောင့်ကန်ဘော ကန်တင်ဖို့လုပ်ဆောင်နေစဉ် ဝက်စ်ဟမ်းပရိသတ်တစ်ဦးက ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး “ Salah You F***ing Muslim!” ဆိုပြီး အော်ဟစ်ပြောဆိုကာ လူမျိုးရေးခွဲခြားခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တွေ့ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး - “ ဒီဖြစ်စဉ်အပေါ်မှာ ဘယ်လိုမှ သည်းခံပေးလို့မရပါဘူး၊အခုလို ဆူပူအောင်လုပ်ဆောင် တာ လူမျိုးရေးခွဲခြားတာတွေကိုတော့ လုံးဝခွင့်လွှတ်ပေးသွားမှာ မဟုတ်ဘူး။” လို့ ဝက်စ်ဟမ်းအသင်းက ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်လို့လည်း BBC SPORTက ဖော်ပြလာပါတယ်။

ဒါ့အပြင် ဒီလို အပြုအမူမျိုး ပြုလုပ်တဲ့ ပရိသတ်ကိုလည်း ဝက်စ်ဟမ်းကွင်းထဲမှာ နေရာမရှိဘူးလို့ ဆက်လက်ဖော်ပြခဲ့ပါသေးတယ်။ ဆာလာကတော့ မနှစ်က အသင်းအတွက် ၃၈ ပွဲကစားပြီး ၃၂ ဂိုးထိသွင်းယူနိုင်ခဲ့လို့ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊အားကစားသတင်းသမားတွေကပေးအပ်တဲ့ တစ်နှစ်တာဆုနဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုတွေကို ရရှိထားခဲ့သူပါ။ ဒီနှစ်မှာလည်း အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေ ဆက်လက်သွင်းယူနေသလို လီဗာပူးအသင်းရဲ့ တိုက်စစ်ကိုလည်း အကောင်းဆုံး ဦးဆောင်နေပါတယ်။

Share

Loading Next Article...
က္က