ကျောက်ကပ်ဝေဒနာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ရွှေပိုးအိမ်က အားပေးစကားပြောခဲ့ပါတယ်။
Photo: Shwe poe Eain
သရုပ်ဆောင် ရွှေပိုးအိမ်က ကျောက်ကပ်ဝေဒနာ ခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ကျန်းမာရေးထောက်ပံ့ငွေပေးပြီး အားပေးစကားပြောခဲ့တယ်လို့ ဆိုပါတယ်။ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သူကပြောပါတယ်။
‘’မကစ်ဆီ ရွှေပိုးသွားပြီး အားပေးခဲ့ပါတယ်။ ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံး သက်သာပါစေ။ ဆက်သွယ်လှူဒါန်းလိုသူများရှိပါက 09254203626 ဆက်သွယ်၍ လှူဒါန်းနိုင်ပါတယ်ရှင်’’ ဆိုပြီးတော့ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ရွှေပိုးအိမ်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Shwe Poe Eain
ကစ်ကစ်ဟာ လက်ရှိမှာ တစ်နှစ်ကျော်အကြာ ကျောက်ကပ်ဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ သူ့ကျန်းမာရေးအခြေအနေက မေလ ၂၃ ရက်နေ့ညမှာပဲ ပိုပြီးဆိုးရွားလာတာကို တွေ့ရပါတယ်။ ကျောက်ကပ်ဆေးပြီးချိန်မှာ အစာလည်း မစားတော့သလို၊ စကားလည်း မပြောနိုင်တော့တဲ့အကြောင်း၊ ပရိသတ်တွေ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ သရုပ်ဆောင် ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၃ ရက်နေ့ ညက ရေးသားထားပါတယ်။
Photo: Shwe poe eain
ရွှေပိုးအိမ်ကလည်း လက်ရှိမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့အတူ မကြာခဏ အလှူအတန်းတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကလည်း ချိုးရုပ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခင်လှိုင်နဲ့ ရိုက်ကူးပြီးခဲပြီးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိခဲ့တာပါ။